Ch 4

820 91 4
                                    

ညဘက်အိပ်ချိန်ရောက်ပြီဖြစ်တာကြောင့် မင်းသွန်းညှာသည် ကိုကြီးနှင့်ဖေဖေ့ကိုနှုတ်ဆက်ကာ နေနိုင်းမာန်လေးကိုချီ၍အိမ်ပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။ထို့နောက် နေနိုင်းမာန်လေးကို အိပ်ယာပေါ်သို့တင်ကာ သူသည် မျက်နှာသစ်ရန် ခြေလက်ဆေးရန်လုပ်လေသည်။သူ ရေချိုးခန်းထဲကပြန်ထွက်လာတော့ နေနိုင်းမာန်လေးကအိပ်ပင်ပျော်နေလေပြီ။သူလဲပြုံးလိုက်ကာ

   "နိုင်းလေးကတော့ အိပ်ပုတ်လေးပါပဲလားနော်..."

ထို့နောက် သူလဲ မအိပ်ချင်သေး၍ လသာဆောင်ကိုထွက်ကာ အပြင်ကိုငေးကြည့်နေလိုက်သည်။မင်းသွန်းညှာသည် ငယ်စဥ်တည်းကမိဘမဲ့တစ်ယောက်မို့ မိသားစု၏နွေးထွေးမှု၊အမေတစ်ယောက်၏ကြင်နာမှု၊အဖေတစ်ယောက်၏ကာကွယ်ပေးမှုတို့ကိုမခံစားခဲ့ရ။သို့သော် ဒီဘ၀အဆစ်အချိုးလေးက သူ့အတွက်မိသားစုဘ၀တစ်ခုကိုပေးခဲ့သည်။ထို့ကြောင့် သူ၏မိသားစုကိုကာကွယ်ပေးရန် သူဘာမဆိုလုပ်မည်။အထူးသဖြင့် အားငယ်တတ်သော သူ့ညီလေးအတွက်ပေါ့။

ထိုစဥ်မှာပင် သူသည် ဇာတ်ကြောင်းတစ်ခုကိုအမှတ်ပြန်ရတော့သည်။

   'နောက်အပတ် တနင်္လာနေ့က ဇာတ်လိုက်လကျာ်လှိုင်းလာမဲ့နေ့ပဲ၊ လကျာ်လှိုင်းက ကိုကြီးနဲ့အတန်းအတူတူမို့စာအတူလုပ်ရင်း နိုင်းလေးကိုတွေ့မှာပဲ၊အင်း..အဲ့တုန်းကတော့ နိုင်းလေးက ကိုကြီးကိုခင်တွယ်နေတာမို့ ကိုကြီးရဲ့သူငယ်ချင်းဖြစ်တဲ့ ဇာတ်လိုက်ကိုလဲခင်တွယ်ခဲ့တာပဲ၊ ဒီတစ်ခေါက်တော့ဘယ်လိုလာမလဲမသိဘူး....'

   'အင်း၊ ဇာတ်လိုက်လာမယ်ဆိုတော့ သူ့ရဲ့ Arrr -ီးပဲဟေး၊ ငါ villian မ ကို ဘယ်လိုတောင်မေ့နေခဲ့တာလဲ၊ အဲ့နေ့ကြရင် အဲ့ဟာမလဲပါလာမှာပဲ၊ နေစမ်းပါဦး ဒါဆိုရင် အခုငါဗီလိန်မဆီကရှောင်ဖို့ဆိုရင် ဇာတ်လိုက်ကိုလုံး၀ရှောင်မှရမယ် ဟုတ်တယ်၊ ဒါဆိုရင် ငါ့အကိုကလဲ ဇာတ်လိုက်ကိုလက်ခံလိုက်မှာပဲ၊ ဒါဆိုဇာတ်လမ်းက ပြီး.. ၊ အယ် ဒါဆိုရင် ငါ့ညီလေးကကြားထဲကကန့်လန့်ဖြစ်နေမှာပေါ့...'

လသာဆောင်တွင် ခေါင်းတစ်ခုလုံးကိုမီးတောက်သည်အထိတွေးနေသောကောင်လေးတစ်ယောက်ရှိခဲ့သလို မွေ့ယာပေါ်တွင်လဲ ဘ၀တွင်ပထမဆုံးအကြိမ်အဖြစ်အိမ်မက်ဆိုးပင်မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကောင်လေးလဲရှိပေသည်။

ငါကဗီလိန်! [Uni + Zaw]Hikayelerin yaşadığı yer. Şimdi keşfedin