Ch 5

801 104 5
                                    

PFB = positive thoughts from boss (အကောင်းမြင်စိတ်ရမှတ်)
LSP = Life save point (ဇာတ်ကြောင်းနှင့်ပက်သက်၍ရမှတ်)

ဒီနေ့ကစိတ်ပျက်စရာကောင်းလှသည့် တနင်္လာနေ့။ဒီနေ့အိမ်ကို လကျာ်လှိုင်းနှင့်နွေလှိုင်းတို့ အလည်လာကာ စာလုပ်မည့်နေ့ဖြစ်သည်။ပြီးတော့ ဇာတ်လမ်းအရဆို မင်းသွန်းညှာ၏အပြုအနူ အပြောအဆိုတို့ကြောင့် လကျာ်လှိုင်းကို ကြိုက်နေမှန်း မင်းစိုင်းသာဘက်ကရိပ်မိသွားသောနေ့လဲဖြစ်သည်။

"ဟူး၊ တနင်္လာနေ့ကိုမုန်းလိုက်တာ..."

ကုတင်ပေါ်တွင်ပက်လက်လှန်ကာ ပြောလိုက်မိသောသူစကား၏နောက်တွင် သူ့ဘေးမှ စောင်လုံးလေးက လှုပ်တုပ်လှုပ်တုပ်နှင့် သူ့ဘေးနားကပ်လာကာ ခေါင်းလေးဖော်လာလေသည်။ထိုစောင်လုံးလေးသည် ဖက်ထုပ်လုံးလေးသဖွယ်ပင်ဖြစ်ကာ ထိုဖက်ထုပ်လုံးဖြူဖြူလေး၏ထိပ်တွင်တော့ဆံပင်မွှေးလေးများကပင်ထောင်နေသေးသည်။ထိုဖက်ထုပ်လုံးလေးကတော့ နေနိုင်းမာန်လေးပင်ဖြစ်ပေသည်။နေနိုင်းမာန်လေးသည်မျက်လုံးပင်မပွင့်ပဲ အိပ်စုံမှုံမွှားဖြင့်

"ကိုကို၊ နိုးနေပြီလား..."

"အွန်း၊ နိုးပြီကွ၊ နိုင်းလေးရောနိုးပြီပေါ့၊ ကဲ..လာ မျက်နှာသွားသစ်ကြမယ်..."

ကုန်လွန်ခဲ့သောတစ်ပတ်အတွင်းတွင် နေနိုင်းမာန်လေးသည် သူ့ကိုလွန်စွာခင်တွယ်လာပြီး အိပ်ချိန်တိုင်းသူနှင့်သာအတူအိပ်လေ့ရှိသည်။ဒါ့အပြင် သူစာလုပ်နေလျှင်လဲ ဘေးတွင်ငြိမ်ငြိမ်လေးထိုင်ကာဆော့နေလေ့ရှိသည်။မင်းစိုင်းသာနှင့်လဲရင်းနှီးလာခဲ့ပြီး ပြောပြောဆိုဆိုပင်ရှိလာခဲ့သည်။ဒါ့အပြင်မနက်မိုးလင်းသည်နှင့် မင်းသွန်းညှာမနိုးသေးဘူးဆိုလျှင် သူ့ကိုယ်လုံးလေးနှင့် မင်းသွန်းညှာ၏ဗိုက်ပေါ်တက်ခွကာ နှိုးတတ်သည်။

မင်းသွန်းညှာ နိုးနေပြီဆိုလျှင်တော့ နေနိုင်းမာန်လေးသည် မင်းသွန်းညှာ၏ရင်ခွင်ထဲခေါင်းတိုးကာချွဲတတ်သေးသည်။မင်းသွန်းညှာတစ်ယောက်ကတော့ ချွဲတတ်နေသောနေနိုင်းမာန်လေးကြောင့်သူ၏နှလုံးသားလေးမှာ ဂွမ်းစိုင်လေးနှင့်ထိနေသကဲ့ရသို့ကောင်းမွန်လျက်ပင်။သူ၏စိတ်အခြေအနေနှင့်အတူ LSP နှင့် PFB တို့မှာလဲ မြင့်တက်လျက်ရှိသည်။LPဆိုလျှင်လဲ ၄၀ ရာခိုင်နှုန်းအထိ ရောက်လာလေပြီ။သို့သော်ငြား ဒီနေ့ ဟိုနှစ်ကောင်လာမည်ကိုသတိရသွား၍ ဒေါသကထွက်လာပြန်သည်။

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now