Ch 12

460 44 0
                                    

"အဲ့တာဆို ကိုကိုနေသားကျသွားအောင်လို့ ကျွန်တော်နေ့တိုင်းပြောပေးနိုင်တယ်နော်။ ကမ္ဘာပေါ်မှာရှိတဲ့လှပခြင်းကိုရည်ညွှန်းတဲ့စကားတွေအကုန်လုံးကို ကိုကို့ကိုရည်ညွှန်းပြီး ကျွန်တော်နေ့တိုင်းနေ့တိုင်း ပြောပေးနိုင်တယ်နော် ကိုကို"

စကားအဆုံးသတ်နားတွင် သူနှင့်သက်ဆိုင်သောနာမ်စားကို တစ်လုံးချင်းစီအသံစွဲ၍ ပြောလိုက်ပုံက ဘာလို့ရယ်မသိ။သူ၏နားဖျားလေးကိုယားယံသွားစေခဲ့သည်။ထိုအချိန်တွင်သာ သူ့မျက်ဝန်းထဲဝင်ကြည့်ပါက ရွှေအိုရောင်နေရောင်ခြည်၏ အောက်တွင် မတ်မတ်ရပ်လျှက်ရှိသော နေနိုင်းမာန်၏ပုံရိပ်တစ်ခုတည်းသာထင်ဟပ်နေကြောင်းကို
တွေ့ရမည်ပေ။

နီရဲသွားသောကိုကို့၏နားရွက်ဖျားလေးများကိုငေးကြည့်ရင်းနေနိုင်းမာန်၏ဘယ်ဘက်ရင်အုံဆီကခပ်မှန်မှန်လှုပ်ရှားလာသည်။ဤလူသား၏အရေပြားတစ်ထောက်စာကစလို့ ဟိုးရိုးတွင်းခြင်ဆီများအထိပါ သူမြတ်နိုးလှသည်။ညီအစ်ကိုချင်းဖြစ်နေမှန်းသိ၍ သူ့ခံစားချက်တို့ကိုသူအမည်မတပ်ရဲပါပေ။သို့သော် သေချာသည်က ဒီလူသားအတွက်ထားရှိသော ဖြူဖြူစင်စင်မေတ္တာများကိုဖယ်ထုတ်လိုက်လျှင် ကျန်ခဲ့မည်က ပူလောင်ပြင်းပြကာ ပိုင်ဆိုင်လိုစိတ်ကြီးမားလှသောချစ်ခြင်းတရားများသာကျန်ခဲ့လိမ့်မည်။တစ်စုံတစ်ယောက်ကိုချစ်မိပါက ထိုလူသားပျော်နေသည်ကိုပဲမြင်ချင်ပြီး ထိုအရာကိုပေးဆပ်ချစ် ဟုခေါင်းစဥ်တပ်ကြသည်။သူ့အတွက်ကတော့ ဒီတစ်လောကလုံးတွင် သူ့ကိုကို ကိုပျော်အောင်ထားနိုင်သူမှာသူကလွဲပြီးမရှိသည်မို့ သူတစ်ယောက်တည်းမူပိုင်အဖြစ်သာ ကိုကို့ကိုအပိုင်သိမ်းပစ်မည်။

အသက်ကြီးလာသည်အထိ ကိုကို့ကိုလဲအိမ်ထောင်ပြုမခံ၊ သူလဲအိမ်ထောင်မပြုပဲ အတူနေကြမည်။ကိုကိုကြိုက်သည့် အေးသောဒေသများဆီသို့ခရီးထွက်ကြမည်။ကိုကို့ညီငယ်လေးအဖြစ်နှင့် ကိုကို့၏ဂရုစိုက်မှုများကိုအပိုင်စားယူထားမည်။ကိုကို့ကိုသူပိုင်သလို သူ့ကိုလဲ ကိုကိုပိုင်သည်။

ကမ္ဘာကြီးက မပြည့်စုံကောင်းမပြည့်စုံပေမဲ့ ကိုကို့အနားမှာ ကျွန်တော်ရှိနေသ၍ အပြည့်စုံဆုံးအရာတွေကိုပဲ ကိုကို့ကိုပေးပါမယ်။

ငါကဗီလိန်! [Uni + Zaw]Tahanan ng mga kuwento. Tumuklas ngayon