Ch 9

704 87 2
                                    

ညစာစားပြီးသော် မင်းသွန်းညှာသည် အခန်းပြန်ကာစာမလုပ်သေးပဲ  သန့်စင်ခန်းသွားမည်အကြောင်းပြလိုက်သည်။ထို့နောက် ခပ်သွက်သွက်ဖြင့် အိမ်အောက်ထပ်ရှိသန့်စင်ခန်းဆီထွက်လာလိုက်သည်။သန့်စင်ခန်းထဲရောက်သည်နှင့် တံခါးလော့ချကာ လက်ဖျောက်တီးလိုက်သည်။

   *ဖျောက်*

   *LP 60% တိုးတက်*

   *PFB 99% တိုးတက်*

   *နွေလှိုင်းအား ပြန်လည်ချေပပြောဆိုနိုင်ခဲ့သဖြင့် LSP 20မှတ်ရ*

တတောင်တောင်တက်လာသော notiများကြောင့် မင်းသွန်းညှာတစ်ယောက် ခေါင်းပင်မူးသွားရသည်။အဆက်မပြတ်ဆူညံသံများကိုမခံနိုင်သူမို့ ခေါင်းထဲမိုက်ခနဲပင်။ထို့ကြောင့် နံရံကိုအသာမှီကာ

   'အင်း...၊ LP က အခုထိ 60% ပဲရှိသေးတယ်...၊ 100% ပြည့်မှ နိုင်းလေးကငါ့အပေါ် အစ်ကိုတစ်ယောက်လိုချစ်လာမယ်ထင်တယ်...၊ PFB ကတော့ ပြောင်းလဲလွယ်တာမို့ထားပါတော့လေ LSPက ၂၀ထဲရတယ်တဲ့လား..၊ systemကအတော်ကပ်စေးနည်းတာပဲ...၊ noti bar ပိတ်လိုက်တော့...'

noti barပိတ်ပြီးသည်နှင့်သူသည် အပေါ်ထပ်ရှိသူ့အခန်းကိုပြန်ကာ နေနိုင်းမာန်လေး၏အိမ်စာများကိုကူပေးလေသည်။နေနိုင်းမာန်လေးမသိသည်များကို ရှင်းပြရင်း ဘေးကထိုင်စောင့်ပေးနေလိုက်သည်။သူ့အတွက်အိမ်စာများကတော့ လုပ်မနေတော့။EC ကို သူငယ်ချင်းတော်ထားရသည်မို့ ကုလားဖန်ထိုးတာဘာညာလောက်တော့ အသာလေး မျက်စိမှိတ်လုပ်ရုံပင်။နောက်ဆုံးအတန်းလစ်လျှင်တောင်မှ ECအားကိုးရှိသည်မဟုတ်လား။

အဖြေထုတ်ပြီး၍ အောက်မျဥ်းကို ခဲတံဖြင့်ခပ်ဖွဖွတားပြီးသော် နေနိုင်းမာန်လေးသည် အပျင်းကြောဆန့်လိုက်သည်။ထို့နောက် မင်းသွန်းညှာကိုကြည့်လိုက်ရာ အိပ်ငိုက်နေသည်ကိုတွေ့လိုက်ရလေသည်။နေနိုင်းမာန်လေးသည်လက်တစ်ဖက်ဖြင့်မေးထောက်ကာဖြင့် ခေါင်းလေးငိုက်စိုက်ငိုက်စိုက်ဖြင့်ငိုက်နေသော မင်းသွန်းညှာကို တစ်စိမ့်စိမ့်ကြည့်နေလိုက်သည်။နှုတ်ခမ်းစွန်းတွင်လဲအပြုံးဖွဖွကထွက်ပေါ်လာပြီး

   "ကိုကိုကတော့ဗျာ၊ အိပ်ချင်တာကိုများ ပေကပ်ပြီးစောင့်နေတယ်၊ အိပ်စရာရှိတာသွားအိပ်တာမဟုတ်ဘူး။"

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now