Ch 11

465 59 4
                                    

[A/n writing blockနေလို့ အရမ်းကြာသွားခဲ့ပါတယ်၊ အဲ့အတွက်လဲ သိပ်ကိုအားနာရပါတယ်။ နောက်ရက်တွေတော့ အချိန်ဇယားအတိုင်းပြန်အပ်ပါပြီနော်]

"နိုင်းလေးရေ..လာပါဦးကွာ"

ဧည့်ခန်းထဲတွင်စာထိုင်လုပ်နေသော နေနိုင်းမာန်သည် မီးဖိုခန်းထဲမှ ကိုကို့ခေါ်သံကြောင့်မီးဖိုခန်းထဲဝင်လာလိုက်သည်။‌ေကျာင်းပိတ်ရက်မို့ မနက်ကတည်းက ကိုကိုသည်အစောကြီးနိုးနေပြီး နို့ကွတ်ကီးဖုတ်ပေးနေခြင်းပင်။မနေ့ညက နေနိုင်းမာန်သည် အိပ်ယာဝင်ကာနီးနို့သောက်ရင်း "နို့ကွတ်ကီးစားချင်လိုက်တာ"ဟုပြော၍ မနက်မိုးလင်းလင်းချင်းပင် မီးဖိုချောင်ထဲဝင်၍ ကွတ်ကီးလုပ်ပေးနေခြင်းပင်။

ကိုကြီးကတော့ ကိုကြီးလကျာ်လှိုင်းနှင့်ချိန်းထား၍ အပြင်သွားလေသည်။အိမ်တွင် သူနှင့်ကိုကိုသာရှိလေသည်။မီးဖိုခန်းထဲသို့ဝင်လာသော် Ovenထဲမှ ကွတ်ကီးများထုတ်နေသော ကိုကို့ကိုတွေ့လိုက်ရလေသည်။

"ကွတ်ကီး‌အနံ့ကမွှေးနေတာပဲ၊"

လေထုထဲတွင်ပျံ့နှံ့နေသော အနံ့ခ်ျုချိုလေးကိုရှုရှိုက်ရင်း သူပြောလိုက်မိသည်။ကိုကိုသည် သူ့ကိုပြုံးပြကာ ကွတ်ကီးများကို ကြွေပန်းကန်လေးထဲသို့ပြောင်းထည့်နေ‌လေသည်။ပြီးနောက် နို့ကရားကိုယူကာ ဖန်ခွက်ထဲသို့နို့များလောင်းထည့်လိုက်လေသည်။နို့ခွက်နှင့်ကွတ်ကီးပန်းကန်ကိုယူကာ ဧည့်ခန်းဆီသို့သွားလေသည်။

နေနိုင်းမာန်လဲ မင်းသွန်းညှာနောက်မှလိုက်၍ ဧည့်ခန်းထဲသို့ဝင်လာလိုက်သည်။ဧည့်ခန်းထဲသို့ရောက်သော် မင်းသွန်းညှာသည် ကွတ်ကီးပန်းကန်နှင့်နို့ခွက်ကိုစားပွဲပေါ်တင်ကာ

"ကွတ်ကီးနဲ့ နို့လေးသောက်လိုက်နော် နိုင်းလေး၊ အဲ့တာမှအရပ်ရှည်လာမှာ။ကိုကို အဝတ်သွားလဲဦးမယ်၊ ဂျုံမှုန့်တွေပေနေလို့"

မင်းသွန်းညှာ၏ မိုးပြာရောင်ရှပ်အင်္ကျီလေးတွင် ဂျုံမှုန့်ဖြူဖြူတို့ကစွန်းထင်းနေလေသည်။နေနိုင်းမာန်သည်လဲ ဆိုဖာပေါ်တွင်ထိုင်ကာ မင်းသွန်းညှာကိုစောင့်နေလိုက်တော့သည်။ခေတ္တမျှကြာသော် မင်းသွန်းညှာသည် အပေါ်ထပ်မှဆင်းလာကာဧည့်ခန်းထဲသို့ဝင်လာလေသည်။ပါးစပ်မှလဲ

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now