Chapter 10

948 38 0
                                    

ခိုင် 14နှစ်အရွယ်မှာ....

''မမ ရေ ညီမနဲ့ဒါလိုက်လား''
လှပသော ဂါဝန်အနီရောင်လေးနှင့် လှနေသောသူမ၏ညီမ...

''အင်း လှသားပဲ ။ သက်လျာနဲ့ လိုက်ပါတယ်''

''ဟင်း ဟင်း မေကြီး ဝယ်ပေးတာလေ''

ခိုင့်ညီမကို ကြည့်ရင်း အားကျမိသည် ။ ဖြူဖွေးလှသော အသားအရေ၊ လှပသောမျက်နှာထား ၊ အသက်အရွယ်နှင့်မလိုက်အောင် လှပသော ကိုယ်လုံးကိုယ်ပေါက်။ ခိုင့်နှင့် အရာရာမတူညီပဲ ခြားနားလှသည်။

''အမလေး သမီးလေးက လှလိုက်တာ ။အမေ ဝယ်ပေးရတာတင် တန်သွားပြီ''

''အဲ့ဒါကြောင့် မေမေ့ကိုချစ်တာ။ သမီး အဖေ့ကို သွားကြွားလိုက်အုန်းမယ်''

ခိုင်စာလုပ်နေရင်း နဲ့ အမေ့ကို ပြောမိသည်

''အမေ သမီးလဲ အဲ့လိုမျိုး ဝတ်ရင်ဘယ်လိုနေမလဲ မသိဘူးနော်''

အမေခိုင့်ကို မျက်မှောင်ကြုံ့ပြီး ပြန်ဖြေလိုက်သောစကားမှာ

''နင်က ဘာဝတ်ဝတ် လိုက်မှာမဟုတ်ဘူး။ အဲ့လိုမျိုး ဂါဝန်တွေဆို ပိုတောင်ဆိုးသေး ။  ဒီတိုင်း ဘောင်းဘီ အပွနဲ့ပဲ နေစမ်းပါ''

''အပြင် သွားရင်ကော အမေ''

''နင်အရမ်း စကားရှည်တာပဲ!မြန်မာဝတ်စုံတွေ ဝတ်ပေါ့ ! ဘယ်လိုပဲဖြစ်ဖြစ် နင့်ခန္ဓာကိုယ်ကို ကြည့်မဆိုးအောင်တော့ ဖုံးသေးတယ်''

''ဟုတ်ကဲ့အမေ''

ခိုင်ငြိုးငယ်စွာဖြေလိုက်သည်။ ခိုင်က မလှပတာ၊
ကြည့်မကောင်းတာသိပေမယ့် သက်လျာလိုမျိုးအမေ့ဆီက ဂါဝန်တစ်ထည်လောက်ရရင်ပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။

ခိုင်နဲ့ မလိုက်ရင်တောင် ခိုင့်အမေကခိုင့်ကို ဒီလိုအလှလေးတစ်ထည်လောက် ဝယ်ပေးတယ်ဆိုတာ သူများတွေကို ပြောချင်၍ပင်။

ခိုင်ကျောင်းသွားတော့လည်း ခိုင့်ညီမကဲ့သို့ အကျီပန်းထိုးများမဝတ်ဆင်ရပဲ ရိုးရိုးမနှစ်က အကျီကိုသာဝတ်ရသည်။

ခိုင့်အတွက်က ဒီလိုပဲဝတ်ရတာကို သိပ်ဝမ်းနည်းခြင်းမဖြစ်ပေမယ့် ကျောင်းကလူတွေရဲ့အမျိုးမျိုးသော ပြောဆိုသံတို့က.....

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now