Chapter 12

1.1K 57 2
                                    

Joseph ကားဝင်းထဲ ကားအမြန်ထိုးပြီး သူ့သခင်လေးကို ဘောင်းဘီမကျွတ်ရုံတမယ်ပြေးရှာ ရပါတော့သည်။မဟုတ်ရင် သူတော့ ဒုက္ခရောက်တော့မှာပင်။

ဟော ဟိုမှာ သူ့သခင်လေးတစ်ယောက်.. မျက်နှာက ဘီလူး သံပရာသီး ကိုက်ထားတာထက်ပင် မှောင်မဲနေတာပဲ ။

''သခင်လေး ကျွန်တော် ငါး-ငါးမိနစ် မပြည့်ခင် ရောက် ရောက်လာပါပြီ။''

Joseph မောတောင်မမောရဲပေ။ တော်ကြာ ဘီလူးသံပရာသီးကိုက်တဲ့အပြင် ငရုတ်သီးကိုက်တဲ့ရုပ်ပါပေါက်နေမည်။

သူ့သခင်လေးက ဘယ်လိုနေနေ ချောနေတယ်ဆိုတာမှန်ပေမယ့် Joseph လို အနီးကပ်နေခဲ့ရတဲ့သူတွေကတော့ ဒီလိုမျက်နှာကိုတွေ့တဲ့နေ့ကတော့ သူတို့အတွက်မကောင်းတဲ့နေ့တစ်နေ့ပင်။

''ဟိုတယ်ပြန်မယ်''

''ဟုတ်ကဲ့ သခင်လေး!''

ကားပေါ်တွင်လည်း Alex နန်းသက်လျာပြောတဲ့ သူ့ကိုသူမအသုံးချနေတယ်ဆိုတဲ့ စကားခေါင်းထဲဝင်လာသည်။

သို့သော်.....အကယ်၍ သူမ သူ့ကို အသုံးချနေတယ်ဆိုရင်တောင် အဆင်ပြေပါတယ်။ သူမ သူ့အနားကနေ မထွက်သွားသရွေ့ သူ အကုန်အဆင်ပြေပါသည်။

ဟိုတယ်ပြန်ရောက်လာတော့ အဲ့ ကြောင်မလေးကိုတွေ့ဖို့ ခြေလှမ်းကြဲ ကြီးများနှင့် သူမရှိရာအခန်းစီကို ဦးတည်သွားပါတော့သည်။

Alex အခန်းထဲရောက်သွားတော့ သူမ မရှိပေ။ သူမကို အပြင်မှာလည်းမတွေ့ပေ ။ Alex ရင်တွေ ဗလောင်ဆူကုန်ပြီး အခန်းအပြင်ဘက်ထွက်ကာ သောင်းကြမ်း ပါတော့သည်။ ဤသည်မှာ ပြဿနာအစပျိုးခြင်းပင်ဖြစ်သည်။

''GUARDS!! Come here quickly or I will cut off all of your d*ck and your f**king head!!"
(အစောင့်တွေ! မင်းတို့ဒီကိုမြန်မြန်လာစမ်း! မဟုတ်ရင် ငါမင်းတို့ီးနဲ့ မင်းတို့ရဲ့ xxxx ခေါင်းကို ဖြတ်ပစ်မယ်! !)

ဟိုတယ်ဧည့်ခန်းမ မှာ အကုန်လုံး စုရုံးနေကြပြီး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေ လျက်။
ဘေးမှာလည်း ဟိုတယ်ရဲ့ တန်ဖိုးကြီး ပစ္စည်းတွေက စုတ်ပြတ်သတ်နေလျက်။ ထိုသို့ လုပ်ဆောင်သူမှာ သွေးအေးရက်စက်နေသော Alex....

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Donde viven las historias. Descúbrelo ahora