Chapter 22(Two friends under Flower trees)

679 32 2
                                    

'' ကလျာ ငုဝါပန်းတွေကြည့်မယ် မလား''

ဘုန်းမြတ်မေးလိုက်သည်။

ငုဝါပန်းလား.....။ ဟုတ်သားပဲ အခုက ငုဝါပန်းတွေထိန်နေအောင်ပွင့်တဲ့ ရာသီပင်။ ခိုင်ငုဝါပန်းတွေ ဝေဆာနေအောင်ပွင့်တဲ့ လမ်းကြားလေးတွေထဲ မလျှောက်လှမ်းခဲ့ရတာ ဘယ်လောက်တောင်ကြာပြီလဲ။

''အင်း ဘုန်းမြတ် ကြည့်မယ်လေ''

''အဲ့ဒါဆိုရင် အခုပဲ သွားကြမယ်လေ''

''ဟမ်? နေအုန်းလေ ဟဲ့!ဘုန်းမြတ်!''

ဘုန်းမြတ်တစ်ယောက် ခိုင့်လက်ကို ဆွဲကာ ခိုင်ဘာမှ မပြောခင် ဆွဲခေါ်သွားပါတော့သည်။ခိုင် မထွက်သွားခင် ထိုင်ခုံမှာ ထိုင်ရာကထနေတဲ့ Alex ကိုလှည့်၍

''Alex ,အားနာပါတယ်။ ကျွန်မ မြန်မြန်ပြန်လာခဲ့ပါမယ်''

​ပြီးနောက် ဘုန်းမြတ်က အတင်းကိုဆွဲခေါ်သွားပါတော့သည်။ သူ့မြင်ကွင်းကနေ သူမပျောက်ကွယ်သွားတဲ့ အထိ Alex သူမ​နောက်ကျောကို ဆက်
ကြည့်ပြီးနောက် Alex ပြန်ထိုင်လိုက်တယ်။

ဘေးမှ ရပ်နေသောJoseph က သူ့သခင်လေးအားကြည့်ကာ....

''သခင်လေး,ဒီတိုင်းလွှတ်လိုက်မှာလား ''

''ဘာကိုလဲ?''

''သခင်မလေးကို ဒီတစ်ယောက်နဲ့''

Alex က Joseph အား တစ်ချက်ဝှေ့ကြည့်ကာ..

''အင်း,ကြည့်ရတာ သူ့ကိုမြင်တော့ တော်တော်ပျော်နေတဲ့ပုံပဲ''

''သခင်လေး,သူ ဟိုသက်ဟိန်းနဲ့တွေ့ဖို့ သွား-

''ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မနက်ဖြန်ပြန်ရမှာပဲ။သူ့ကို ဒီတစ်နေ့တော့ လွှတ်ပေးတာပေါ့။ ငါလည်း သူ့ကို အတင်းဆွဲထားလို့ ဘာထူးမှာတုန်း။ ငါ့တို့ တိုးတက်လာတဲ့ ဒီအခြေအနေကို ငါ မဖျက်ဆီးချင်ဘူး''

Joseph ခေါင်းငြိမ့်၍ ဆိတ်ငြိမ်စွာနာခံလိုက်ပါသည်။ အဓိက က သခင်လေးကျေနပ်ရင်ပြီးတာပါပဲ။

Joseph ပြင်ထားသော မနက်စာ အစုံအလင်ကို
ကြည့်ကာ...

''သခင်လေး မနက်စာ မစားတော့ဘူးလား''

Alex အေးစပြုလာသည့် အစားအစာ အစုံအလင်ကိုကြည့်ပြီး...

''ဒါတွေကို စားမယ့် တစ်ဦးသောသူက ထွက်သွားပြီဆိုတော့ ငါကဘာလို့စားနေရအုန်းမှာလဲ''

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now