Chapter 20

812 49 8
                                    

'' ပြန်ကြမလား Alex ''

''အင်း ​''

ခိုင် စေတီတော်ကြီးကို အတန်ကြာနောက်ပြန်ကြည့်နေမိသည်။

ခိုင် ထွက်သွားရတော့မယ်မဟုတ်ပါလား....

''ခိုင်''

Alex ရဲ့ ခေါ်သံကြောင့် ခိုင်လည်း သူ့ဘက်လှည့်ကာ..

''ဟုတ် လာပါပြီ။''

ဘယ်လိုပဲဖြစ်ဖြစ် ခိုင်ရင်ဆိုင်ရမှာပဲ။ ခိုင်ရင်ဆိုင်ဖို့အတွက်ပဲ ပြန်ရောက်လာခဲ့တာလေ....

​ခင်ကလျာခိုင်တစ်ယောက် သူမ အတွေးစတို့အားဖြတ်၍ ထိုနတ်သားခေါ်ရာသို့ လိုက်ပါသွားလေသည်။

ဟိုတယ်တွင်:

ဟိုတယ်ပြန်ရောက်လာတော့ Joseph က အသင့်စောင့်လျက်ပင်။ သူမတို့ ကားပေါ်ကနေဆင်းလာတာနဲ့ Joseph က Alex နားသို့ တစ်စုံတစ်ရာကို တီးတိုးပြောနေလေသည်။

Alex မျက်နှာပျက်သွားပြီး...

''Can't you take care of that little thing?''
(မင်းဒီကိစ္စသေးသေးလေးတောင် မဖြေရှင်းနိုင်ဘူးလား)

''I am afraid I can't young master''
(ကျွန်တော်လုပ်လို့မရတဲ့ အတွက် တောင်းပန်ပါတယ် သခင်လေး)

''That is annoying.Why can't they let me rest a bit?''
(တကယ်စိတ်ရှုပ်ဖို့ကောင်းတာပဲ။ သူတို့တွေငါ့ကို ပေးတောင်မနားတော့ဘူးလား)

''That is my line,young master''
(ဒါကျွန်တော်ပြောရမယ့်စကားပါ သခင်လေး)

သူတို့တွေအချင်းချင်း ပြောပြီး မျက်နှာက ရှုံ့မဲ့လိုက် ရွဲ့လိုက်နဲ့ ။ ခိုင်ကတော့ ဘာမှနားမလည်။

ခိုင် သူတို့ဘာသာစကားကို အခြေခံလောက်သိပေမယ့် သူတို့ရဲ့ အင်္ဂလိပ် စကားပြောပုံက ပီလွန်းပြီး မြန်နေတာကြောင့် ခိုင်နားမလည်နိုင်။

Alex သူမအားတစ်ချက်ကြည့်ကာ သူမဘက်
လှည့်၍

''မင်းသွားတော့ ။မင်းပင်ပန်းနေလောက်ပြီ။ ''

''??ဟုတ်''

သူမထွက်သွားပြီးတဲ့ တစ်ခနမှာပဲ Alex သက်ပြင်းချ၍...

ဟိုတယ်ရဲ့ basement ထဲကို Joseph နဲ့ Alex ဝင်သွားပါတော့တယ်။

မှောင်မိုက်နေတဲ့ basement ထဲမှာ မီးရောင်မှိန်မှိန်လေးက သွေးတွေနဲ့ ရိုက်နှက်ဒဏ်ရာတို့ပြည့်နေသောလူဆီမှာ ကျရောက်လျက်....

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now