Chapter 18

807 50 4
                                    

တီ..... တီ.......တီ......

ဖုန်းမြည်သံ ကြားသောကြောင့် နန်းသက်လျာ အိပ်ချင်မူးတူးနဲ့ ကောက်ကိုင်လိုက်သည်။

''ဟယ်လို ဘယ်သူလဲ''

''ကိုယ်ပါ သက်လျာလေးရဲ့.....''

နန်းသက်လျာ အိပ်ချင်သော မျက်လုံးတို့ ပြူးကျယ်သွားပြီး..

''ဟုတ် ကို ပျောက်နေတယ်နော်။ ညီမကို ဖုန်းမဆက်တာလဲ ကြာနေပြီ။ပြီးတော့ မမနဲ့က ဘယ်လိုဖြစ်တာလဲ''

''ကျစ်! အဲ့ကောင်မကြောင့် ကို အခု ဆေးရုံမှာရောက်နေတယ်''

နန်းသက်လျာ မျက်လုံးတို့ပင့်တက်သွားပြီး..

''ရှင်?ဘာလို့လဲ?''

''ပြောကိုမပြောချင်ဘူး ။သူ့ဆီမှာ အိမ်ငှားခ သွားတောင်းတာ မပေးလို့ နည်းနည်းလေးမှတ်အောင် လုပ်လိုက်မိတာ သူ့အကောင်က ကို့ကို ထိုးလွှတ်လိုက်တယ်''

သက်လျာ ခနမျှတောင့်သွားသည်။ ဘာ? သူ့အမယောကျာ်းက ကိုသက်ဟိန်းအား ဘာကြောင့် ပြဿနာရှာရတာလဲ။ သူ့အမကရော ဘာလို့ငြိမ်ခံနေတာလဲ။

''ကိုသက်ဟိန်း မမက ဘာမှ ကိုAlex ကိုပြန်မပြောဘူးလား။ မမက ကို့ရဲ့ ချစ်သူပဲလေ။''

''ပြောရက်တယ်နော် သက်လျာလေး။ ကိုယ့်ရဲ့
တကယ့်ချစ်သူကမင်းပါ။''

ဟုတ်ပါသည်။ ကိုသက်ဟိန်းက မမနဲ့ဖြစ်နေတာ မဟုတ်ပဲ သက်လျာနဲ့ တိုးတိုးတိတ်တိတ် ငြိနေခြင်းပင်။

ကိုသက်ဟိန်းက မမကိုဖြတ်မယ်ပြောတော့ သက်လျာပေးမဖြတ်ခဲ့။ ဘာလို့လဲ ဆိုတော့ မမကို တစ်ချိန်ချိန်ကျရင် သစ္စာဖောက်ခံရတဲ့ ခံစားချက်ကို ခံစားစေချင်လို့။

ပြီးတော့ သူ့ယောကျာ်းကို သစ္စာဖောက်နေပြီး ပိုက်ဆံပေးနေတာက သက်လျာရော ကိုသက်ဟိန်းရောအတွက် အနာဂတ်ကို လမ်းခင်းပေးနေသလိုပင်။

ဒါပေမယ့် သူ့အမ စပြောင်းလဲလာပြီ ။

သက်လျာအား
အရင်တုန်းကလိုမျိုး လိုချင်တာ ဖြည့်ဆည်းပေးတဲ့ စိတ်လဲ မရှိတော့ ။ သူမအားအေးစက်သော မျက်လုံးတို့ဖြင့်သာ ကြည့်လျက်။

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now