Chapter 15(The barrier of the ring)

896 61 4
                                    

Vote လေးကလေ ဖတ်တဲ့လူက 600ကျော်
ရတာလေးက 30ကျော်လေးရယ်😭😭😭။Nana ရေးရတာအားမရှိဘူးရယ်😢🤧။ 

....................

ကျောင်းသားဟောင်းတွေ့ဆုံပွဲသွားရတော့မယ့် နံနက်ခင်း:

ဒီနံနက်ခင်းမှာ ခိုင်တစ်ယောက် စောစောနိုးနေသည်။
သူမ သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ အကောင်းဆုံးပြင်ဆင်ဖို့လိုသည်။

ခိုင်အရင်လို ရိုးအသောသူ၊ သူများပြောသမျှငြိမ်ခံနေမယ့်သူမဟုတ်တော့ပါ။သူတို့ကို အရဲရင့်ဆုံးရင်ဆိုင်မယ်။

ခင်ကလျာခိုင်ဆိုတဲ့ ကောင်မလေး။သူမကိုယ်သူမ တောက်ပဖို့ အားပေးတဲ့စကား။သူမဟာ ဒီတစ်ခါတော့ အခြားသူတွေထက် အဆိပ်ပြင်းတဲ့သူတစ်ယောက်ဖြစ်လာမှာမလို့။

ဘေးနားကတစ်ဦးသောသူကမထသေး ။ဒီတစ်ယောက်က အိပ်နေတဲ့ အချိန်မှာတောင် အလှနတ်ဘုရားလို ချောမောနေတုန်းပင်။
ခိုင်လည်း သူအရင်က ဘာကုသိုလ်တွေ ဒီလောက်လုပ်ထားလို့ ချောနေမှန်းမခန့်မှန်းတတ်။

ခိုင် သူ့ကိုနားမလည်နိုင်သေး။
ခိုင်တို့တစ်ခါမှ မဆုံဖူးပဲ ၊မသိပဲနဲ့ ခိုင့်ကို
သူ့ဇနီးအဖြစ်နဲ့ လက်ရသိမ်းထားတာကို စဥ်းစား၍မရ။
ခိုင်ကရုပ်ရည်က ချောလို့ဆိုတော်သေး။
အခုတော့ ခိုင်က ရုပ်ရည်ကရှိတယ်ဆိုရုံလေး။

သူ့လိုအရမ်းနာမည်ရှိတဲ့ သူဌေးတစ်ယောက်၊ ရုပ်ရည်ကလည်း ဘာမှအပြစ်ပြောစရာမရှိတဲ့သူတစ်ယောက် ကဒီလို ခိုင့်လိုသာမာန်ကောင်မလေးမျိုးကို လက်ထပ်လိုက်လဲနားမလည်။

ခိုင့်ကို လုပ်ငန်းမှာ သူ့စည်းစိမ်တွေနဲ့ သူ့ကိုလိုချင်နေတဲ့ အမျိုးသမီးတွေကို ရှောင်ဖို့အတွက် အပေါ်ယံ
လက်ထပ်ထားတာလား? သူကရော ဘာအကြောင်းကြောင့် ခိုင့်ကို လက်မလွှတ်ရတာလဲ။

ဒီမေးခွန်းတွေအတွက်ခိုင့်မှာ အဖြေရှိမယ်မထင်ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ဒီယောကျာ်းကို သူ
တစ်သက်လုံးမေးမိမှာမဟုတ်တာကြောင့်.....

ခိုင် Alex ကိုကြည့်လိုက်တော့ သူ့ရဲ့ ဘယ်ဘက်လက်သူကြွယ်မှာ သူမနဲ့ ဆင်တူ လက်ထပ် လက်စွပ်ကြီးက ဝင့်ကြွားစွာနှင့် တောက်ပြောင်နေလျက်။

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now