🔥 Chapter -4🔥

2.9K 190 6
                                    

Unicode -

🔥ကျတော်က ဦးအပိုင်🔥

လေဆိပ် တွင်-

jk တယောက်လေဆိပ်ရောက်တော့ သူရဲ့အမေပြောတဲ့သူကိုဘယ်မှာ ရှာရမှန်းမသိပါ ဒါကြောင့် ထိုင်ခုံမှာပဲထိုင်နေလိုက်သည်

ကျစ်!အမေတို့က တကယ်စိတ်ရှုပ်စရာပဲကွာ

15minutes ကြာသော်-

jk ရှေ့ကို မိန်းမလှတစ်ဦးရောက်လာခဲ့သည်

"ရှင့်က အန်တီ rose ရဲ့သားလားဟင်"

jk အသံကြောင့်မော့ကြည့်လိုက်သည်
ရွှေအိုရောင် ဆံသားတို့ကိုအလိပ်လိုက်ခွေ့ထားပြီး
နေကာမျက်မှန်ကိုတပ်ထားပြီး နှုတ်ခမ်းနီကိုရဲအောင်ဆိုးထားကာ အကျီခါးပေါ် ပေါင်တိုဘောင်းဘီနဲ့ မိန်းကလေးတစ်ဦး
jk သေချာစိုက်ကြည့်လိုက်သည်

"တို့ကိုအဲလောက်မကြည့်ပါနဲ့ တို့မနေတတ်တော့ဘူး တို့က အန်တီ rose လွှတ်လိုက်တဲ့ လူပါ"

"အော်"

"တို့နာမည်က လီလီ ပါ ဒီကနာမည်က "

"မင်းသိပြီလောက်ပြီထင်တယ် မိတ်ဆက်စရာမလိုပါဘူး"

jk က ဂရုမစိုက်ဟန်နဲ့ပြန်ပြောလိုက်သည် ထိုစဥ် ဖုန်းဝင်၍ကိုင်လိုက်သည် ထုံးစံအတိုင်း မာတာမိခင်ဆီကပင်

"ဘာပြောအုံးမလို့လဲ"

*ဟဲ့ သွားကြိုရဲ့လား*

"အင်း"

* ဒါဆို အိမ်တော်ခေါ်သွားလိုက်*

"အမေ!"

* ဘာဖြစ်တာလဲ*

"မခေါ်နိုင်ဘူး ကျတော်ဒီလောက်လုပ်ပေးတာတင် လုံလောက်နေပြီ"

*ငါ့က ခေါ်သွားဆို ခေါ်သွားလိုက်*

"ကျစ်!"

*ဟဲ့ ကြားလား.."

jk ဖုန်းကိုချပစ်လိုက်သည် ထိုနောက် စိတ်ရှုပ်ဟန်ပင်ဆံပင်တွေကိုထိုးဖွလိုက်သည် ပြီးတော့တဖက်ကိုပြန်လှည့်လာပြီ

"လိုက်ခဲ့"

ပြောပြီ ရှေ့ကနေ ထွက်သွားလိုက်သည် လီလီဆိုသော မိန်းကလေးလည်း ကြောင်ကြည့်နေသည် ပြီးမှ ခရီးဆောင်အိတ်ကို ဆွဲပြီး jk နောက်အမြန်လိုက်သွားလိုက်သည်

🔥ကျွန်တော်က ဦးအပိုင်🔥(Completed )Where stories live. Discover now