🔥 Chapter -11🔥

2.5K 160 13
                                    

Unicode-

🔥ကျတော်က ဦးအပိုင်🔥

min တယောက် ဒီနေ့ကျောင်းမသွားပဲ ဦးရှိရာကိုလာခဲ့လိုက်သည် ကုမဏ္ဍီကတော့ ဦးပေးခဲ့တဲ့လိပ်စာအတိုင်းလာခဲ့သည်

min ကားတံခါးဖွင့်ပြီ အောက်ဆင်းလာလိုက်သည် သူအပြင်ကိုကြည့်လိုက်မြင့်မားနေတဲ့ကုမဏ္ဍီကြီးတစ်ခု သူလည်း အထဲကိုဝင်သွားလိုက်သည် ပြီးတော့ ကောင်တာဆီသွားလိုက်သည်

"Jeon Jung kook နဲ့တွေ့ချင်လို့ပါ"

"CEO နဲ့ ကြိုချိန်းထားတာရှိလားရှင့်"

"မရှိပါဘူး"

"ဒါဆိုမရပါဘူး "

"သူ့အသိပါ ကျေးဇူးပြုပြီ အစ်မရယ်"

"ခဏနော်"

ကောင်တာကအစ်မလည်း ဖုန်းတစ်ခုကိုဆက်ပြီးပြောလိုက်သည်ပြီးမှသူကိုကြည့်ပြီ

"မောင်လေး နာမည်ဘယ်လိုခေါ်လဲ"

"jimin ပါ"

"မောင်လေး တက်သွားလို့ရပါပြီ လိုက်ပို့ပေးပါမယ်"

"ဟုပ်ကဲ့"

min လည်းထိုအစ်မခေါ်ရာနောက်လိုက်သွားလိုက်သည် အခန်းတစ်ခုအရှေ့ရောက်တော့ အစ်မက သူ့ကိုဝင်သွားလို့ပြောလိုက်ပါတယ်

ဒေါက်...ဒေါက်..

"ဝင်လာခဲ့ ပါ"

min လည်းအထဲဝင်သွားတော့ စာရင်းတွေလုပ်နေတဲ့ ဦးကိုတွေ့လိုက်သည်

"ဦးကိုအနှောင့်အယှက်များပေးမိလား"

jk တယောက်အသံကြောင့် ကြည့်လိုက်ရာ ရင်ထဲလိပ်ပြာများပျံသွားသလိုပင် အဖြူရောင်နဲ့အပြာရောင်ကိုတွဲဖက်ဝတ်ထားပြီ သူ့အသားဖြူဖြူနဲ့အလွန်လိုက်ပေသည် ဒါအပြင်ဆံပင်က အရင်ကိုရောင်စုံမဟုပဲ အညိုရောင်ကိုဆိုးထားတာကြောင့် တမျိုးလေးကြည့်ကောင်းသည် တကိုယ့်လုံးကိုခြုံငုံ့ကြည့်လိုက်သည် ပြီးရင် jk မျက်လုံးကပန်းဆီရောင်သန်းနေတဲ့ နှုတ်ခမ်းဖူးဖူးလေးဆီ
တံ​ထွေးများမျိုချမိလိုက်သည် တကိုယ့်လုံးပူထူလာသလို ရေဆာလာသလိုပင်..

🔥ကျွန်တော်က ဦးအပိုင်🔥(Completed )Where stories live. Discover now