🔥 Chapter -7🔥

2.9K 185 13
                                    

Unicode -

🔥ကျတော်က ဦးအပိုင် 🔥

jk တယောက် ကားမောင်းနေရင်း ကားမှန်မှတဆင့်အနောက်ကိုကြည့်လိုက်သည် သူနောက်ကိုကားတစ်စီးက မနက်ရုံးသွားရုံးဆင်းအမြဲအနောက်ကလိုက်နေတာ တစ်ပတ်ရှိနေပင် အစကတော့ အရေးမလုပ်ပေးမယ့် အခုတော့မရပါ ရှင်းရတော့မယ် jk ကားကို လူရှင်းတဲ့နေရာမှာ ကန့်လန့်ဖြတ်ရပ်လိုက်တော့ နောက်ကကားလည်းရပ်လိုက်သည် jk လည်း နောက်ကား မှန်တံခါးကို ခေါက်လိုက်သည်

ဒေါက်..ဒေါက်...

တဖက်မှ ကားမှန်ကဖွင့်ချလာသည် jk လည်း ပြောမယ့်အချိန် အံ့သြ သွားသည် ကားထဲကလူက ချာတိတ်

"ဦး.."

တိုးလျလျအသံလေးက လေညင်းလေးတိုက်နေသလို သူနားထဲပျံ့လွင့်လာသည်

"ကိုယ့် ဒဲ့ပဲမေးမယ် မင်းကိုယ့်အနောက်လိုက်နေတာလား"

"........"

"ကိုယ့်အနောက်ကို ဘာလို့ လိုက်တာလဲ "

"ကျတော် ဦးကို ချစ်လို့ "

jk တယောက် ဘာပြောရမှန်းမသိပါ သူထက် ငယ်တဲ့ ကောင်လေးတယောက်က သူကိုချစ်တယ်တဲ့

"ကျတော် ဦးအနောက် လိုက်တာ ဦးမကြိုက်ဘူးလား"

"ကိုယ့်နောက် ဆက်မလိုက်ပါနဲ့"

jk လှည့်ထွက်မည်အချိန် min ကလှမ်းပြောလိုက်သည်

"ကျတော်မေးတာမဖြေတော့ဘူးလား"

"မင်းအရွယ်က စာသင်ရမယ့်အရွယ် တခြားဟာတွေစဥ်းစားရမယ်အရွယ်မဟုဘူး"

"ကျတော် လည်း နှလုံးသား ရှိတဲ့လူတယောက်ပါ ချစ်တတ်တယ်"

"မင်းက ကလေးအရွယ်ပဲ"

"ကျတော်ကလေးမဟုဘူး "

"ကိုယ့် သွားမယ် ဆက်မလိုက်လာနဲ့ ကျောင်းကို ဂရုစိုက်သွား"

jk လည်း ပြောပြီ သူကားဆီပြန်လာခဲ့သည် min က ကားမှန်မှခေါင်းလေးထွက်ပြီး jk ကိုလှမ်းအော်လိုက်သည်

"ဦး မယုံလည်း ကျတော် ဦးကိုတကယ်ချစ်တာပါ..."

အနက်ရောင်ကားလေးက မြင်ကွင်းမှပျောက်ကွယ်သွားသည် min တယောက် ကားမှန်မှအဝေးတစ်နေရာကို ငေးကြည့်လိုက်သည် ငယ်ရွယ်သူလည်း ချစ်တတ်တဲ့နှလုံးသားရှိပါတယ် ဦးရယ်..
သူ ဦးအနောက်လိုက်နေတာ တပတ်ရှိတာ သူဦးကို စွဲစွဲလမ်းလမ်းချစ်မိနေလို့ ဦးကိုချစ်တယ်လို့ပြောဖို့ ကျတော်အကြိမ်ကြိမ်ခါခါ စဥ်းစားပြီးမှပြောခဲ့တာပါ ဦးကျတော်အချစ်ကိုလက်ခံမနိုင်မှန်းသိပါတယ် ဒါပေ့မယ် နားလည်ပေးစေချင်တယ်...

🔥ကျွန်တော်က ဦးအပိုင်🔥(Completed )Where stories live. Discover now