🔥 Chapter -21🔥

2.7K 143 13
                                    

Unicode -

🔥ကျတော်က ဦးအပိုင် 🔥

Kim အိမ်တော်တွင်-

jin တယောက် ဧည့်ခန်းမှာထိုင်နေတုန်း ခြံထဲကိုကားဝင်သံကြားလိုက်သည် နောက်တော့ အိမ်ထဲကိုဝင်လာတဲ့ taeလေး

"tae လေး "

jin ခေါ်လိုက်တော့ taeက အိမ်ပေါ်တက်မည့်ခြေလှမ်းများကိုရပ်လိုက်ပြီ jin ကိုကြည့်လိုက်သည်

"ဒီမှာ လာထိုင်အုံး "

taeကလည်း jin ပြောတဲ့အတိုင်း သူ့ရှေ့ခုံမှာထိုင်လိုက်သည်

"taeလေး ဘယ်တွေသွားနေတာလဲ အိမ်လည်းပြန်မလာဘူး "

"ကွန်ဒို မှာသွားနေတာ "

"ဘာလို့ hyung ဖုန်းဆက်တာ မကိုင်တာလည်း ဒီမှာစိတ်ပူနေတာ "

"ကျတော်ကိုစိတ်မပူနဲ့ "

"ဒါနဲ့ ထမင်းရော စားပြီပြီလား "

"hyung ကျတော်အခုပြန်လာတာ အလုပ်က စာရွက်စာတမ်းတွေလာပြန်ယူတာ ကျတော်ပြန်သွားမှာ "

"ဘာလို့ အိမ်ကိုပြန်မလာတာလဲ "

"အိမ်ပြန်လာရင်ရော ဘာထူးမှာလဲ "

"tae လေး "

"​hyung ပြောစရာမရှိရင်သွားအုံးမယ် "

Taehyung က ထထွက်ကာ အိမ်ပေါ်အတက် jin ကသူကို စကားလှမ်းပြောလိုက်သည်

"ညနေ min လေးတို့လာမယ် "

"...."

"အိမ်ပြန်လာခဲ့ မိသားစုညစားစားမလို့ "

taehyung ကjin စကားဆုံးတော့ အိမ်အပေါ်ကိုတက်သွားသည် jin က taeလေးကို ကြည့်ပြီ ဘာလို့ အတ္တ တွေကြီးနေရတာလဲကွယ်..

.......................

နေ့လယ် ရောက်မှ min တယောက်နိုးလာခဲ့သည်

အား...ကျွတ်..ကျွတ်..

ခါးစပ်ကနာကျင်မူကြောင့်ညဥ်းမိလိုက်သေးသည်
ဘေးဘီကြည့်တော့ သူဘေးမှာသူခါးကိုဖက်ကာ အိပ်ပျော်နေတဲ့ဦးကို တွေ့လိုက်သည် min က ဦးမျက်နှာအစိတ်အပိုင်းကိုသေချာအသေးစိတ်ကြည့်နေသည် 
ဦးက သိပ်ချောတာပဲ..
သူ့ဦးရဲ့မျက်နှာအစိတ်အပိုင်းတိုင်းကိုလက်ဖြင့်
တို့ထိမိနေသည်
ခဏနေတော့ ဦးက လှုပ်ရှားလာသည်

🔥ကျွန်တော်က ဦးအပိုင်🔥(Completed )Where stories live. Discover now