🔥 Chapter -10🔥

2.6K 166 5
                                    

Unicode-

🔥ကျတော်က ဦးအပိုင် 🔥

hobiတယောက် min ကျောင်းမလာတာနှစ်ရက်ရှိနေတာကြောင့် ဒီနေ့ကျောင်းဆင်းရင် သတင်းသွားမေးမယ်လို့တွေးလိုက်သည်

"Taemin မင်း min ရဲ့အိမ်လိပ်စာသိလား"

"အင်းသိတယ် မင်းဘာလုပ်ဖို့လဲ"

"min ကျောင်းမလာတာနှစ်ရက်ရှိလို့ ဘာဖြစ်နေလဲသွားမေးမလို့ ဖုန်းဆက်တာလဲ မကိုင်ဘူး မင်းလိုက်အုံးမှာလား"

"အေးဟုသား အဲကောင် ကျောင်းမတက်တာကြာပြီပဲ လိုက်တာကမလိုက်တော့ဘူး ငါ့လိပ်စာပေးလိုက်မယ်"

ညနေကျောင်းဆင်းတော့ hobi တယောက် taemin ပေးတဲ့လိပ်စာအတိုင်း လာခဲ့လိုက်သည် သူခြံကြီးတခြံအရှေ့ရပ်လိုက်သည် taemin ပေးတဲ့အိမ်လိပ်စာထဲကဆိုဒီအိမ်ပဲ အိမ်ကြီးအကြီးကြီးပဲ min တို့ကချမ်းသာတာသိပါတယ် ဒီလောက်ချမ်းသာမယ်လို့မထင်ထားဘူး

ကလင်..ကလင်

ခြံရှေ့ကခေါင်းလောင်းလေးကိုလှုပ်ခါလိုက်သည် ခဏအကြာ ခြံတံခါးလာဖွင့်ပေးတဲ့ လူတယောက်ကသူကိုမေးလာတယ်

"ဘယ်သူ့နဲ့တွေ့ချင်လို့လဲ"

"ဦးလေး ဒီအိမ်က Kim jimin ရဲ့အိမ်လားဗျ"

"ဟုပ်ပါတယ် ဒါနဲ့မင်းကဘယ်သူတုန်း"

"သူ့သူငယ်ချင်းပါ ကျောင်းလာတာမတွေ့လို့သတင်းလာမေးတာပါ"

"အော် သခင်လေးကနေမကောင်းဘူးကွယ် လာလာ အထဲဝင်"

hobi ခြံထဲဝင်သွားလိုက်သည် ခြံထဲမှာပန်းပင်တွေဆိုအပြည့် ခြံကလည်းကြည့်တာနဲ့အကျယ်ကြီးမှန်းသိသည်

ခြံတံခါးလာဖွင့်ပေးတဲ့ဦးလေးက သူကိုအိမ်ကြီးဆီလိုက်ပို့ပေးတယ်အိမ်ရဲ့ဧည့်ခန်းမှာနေရာချပေးပြီးထွက်သွားလိုက်သည်

ခဏနေတော့ အဒေါ်ကြီးတယောက်ရောက်လာပြီးသူကိုသံပုရာလေးလာချပေးတယ်

အိမ်ရဲ့လှေကားထပ်မှ လူတယောက်ဆင်းလာသည်
hobi က သူ့ကိုကြည့်လိုက်တော့ ဟိုတစ်ခါ min ကိုလာကြိုတဲ့သူပဲ..

"အော် ဘယ်သူများလဲလို့ ကောင်လေးကို min ငယ် ဆီအလည်လာတာလား"

taehyung က hobi ရှေ့ကခုံမှာထိုင်ရင်းမေးလိုက်သည်

🔥ကျွန်တော်က ဦးအပိုင်🔥(Completed )Where stories live. Discover now