ပထမဆုံးအချိန်က တီချယ်ဝါ့အချိန်ဖြစ်တာမို့ ကျောင်းမတက်ခင် မျှော်နေတက်ပြီ။ ကျောင်းတက်လို့ ဘဲလ်တီးသံကြားတာနဲ့တင် ပျော်နေတက်ပြီ။
"ငါ့တီချယ်အချိန်လာပြီ.."
ကျောင်းဘဲလ်တီးသံအပြီး အတန်းထဲ အပြေးဝင်လာပါသော လွန်း။ ခုံပေါ်ထိုင်၍ အကြင်နာ့အား ထိုသို့လာပြောသည်။
"အောက်က ရုံးခန်းမှာလက်မှတ်ထိုးနေတာတွေ့ခဲ့တယ်သိလား။ အားးအရမ်းလှတာ ခရမ်းရောင်ဝမ်းဆက်လေးနဲ့။"
အကြင်နာ့လက်မောင်းကို ခပ်ဆက်ဆက်ရိုက်ကာပြောသည့်လွန်း။ လွန်းထက်အရင် ခရမ်းရောင်ဝမ်းဆက်နဲ့ တီချယ်ဝါကို အကြင်နာမြင်ခဲ့တာ လွန်းမသိရှာ။
"အေးပါဟာ...တော်ပါတော့။ နားညီးတယ်တကယ်ပါပဲ.."
"နင်ကလဲ..။ အေးပေါ့နင်မှမသိတာဒါတွေကို။"
သက်ပြင်းသာချ၍ တီချယ်ဝါ ဝင်အလာကိုစောင့်နေလိုက်သည်။ ကျောင်းသားတွေ စကားများဆူညံနေရာမှ တိတ်သွားပြီဆိုတာဖြင့် တီချယ်ဝင်လာပြီဆိုတာ တပ်အပ်သိလိုက်သည်။
"ဟိုအပတ်က tutorial ဖြေထားတဲ့စာရွက်တွေတီ
ချယ့်ဆီကတစ်ယောက်လာယူပြီးဝေပေးဦး။ တီချယ်အခုယူလာဖို့မေ့လာလို့...ဘယ်သူဝေပေးမလဲ။""တီချယ်...သမီးဝေပေးပါ့မယ်။"
"အဲ့တာဆိုအကြင်နာဒီအချိန်ပြီးရင် တီချယ်နဲ့နားနေခန်းထဲမှာ လိုက်ယူလိုက်နော်.."
လွန်း အကြင်နာ့ကိုကြည့်ရင်းစဥ်းစားနေမိသည်။ အကြင်နာအရင်ကဒီလိုမျိုး တစ်ခါမှမလုပ်။ အခြားဆရာမတစ်ယောက် သူ့ကိုခိုင်းလိုက်ရင်တောင် လွန်းကိုမဟုတ်ရင် အခြားအတန်းခေါင်းဆောင်ကို လက်လွဲပေးပြီး သူခေါင်းရှောင်တက်တာ။
ယခုအဲ့လိုမဟုတ်တာလွန်းအမှန်ပင် စိတ်ထဲထင့်နေသည်။ ဘာလို့ တီချယ်နဲ့မှလဲ ဆိုတာနားမလည်။
တခါတစ်လေ အကြင်နာကိုသတိထားမိသည်။ စာသင်ချိန်တွင်လဲ တီချယ့်အားကြည့်၍အတွေးတွေလွန်နေတက်သည်။ အကြင်နာများလွန်းလိုတီချယ့်အပေါ် ဆိုသည့်စိတ်တွေဝင်လာ၍ မဖြစ်နိုင်ပါဘူး၍သာ မစဥ်းစားပဲနေလိုက်တော့သည်။
YOU ARE READING
ချစ်မိသွားချိန်၌
Non-Fictionသူငယ်ချင်းသဘောကျမိနေသော ဆရာမကိုအား ချစ်မိသွားချိန်၌။ အကြင်နာခွန်း × ပန်းခက်ဝါ