" ယမင်းရေ..ဖုန်းလာတယ် "
အောက်ထပ်က အစ်မရဲ့ခေါ်သံကြောင့် ဆင်းလာလိုက်သည်။ အောက်ရောက်ဆော့ အစ်မက အိမ်ရဲ့ကြိုးဖုန်းကို ကိုင်လျက်သား ကောင်မလေးတစ်ယောက်ဖုန်းလာတယ် ဆိုပြီးပြောလို့ အစ်မရဲ့လက်ထဲကနေဖုန်းကိုယူကာ ကိုင်လိုက်သည်။
" ဟယ်လို "
"......"
" အင်းကိုင်လိုက်မယ်..."
ယမင်းတစ်ယောက် အကြင်နာနဲ့ကိစ္စ့ဖြစ်ပြီးထဲက စိတ်ညစ်နေတာကြောင့် ဘယ်ဖုန်းကိုမှလဲမကိုင် စက်သာပိတ်ထားလိုက်သည်။ ဒါကြောင့်လွန်းက အိမ်ဖုန်းကိုဆက်ပြီး ဖုန်းကိုင်ဖို့ပြောသဖြင့် အပေါ်ထပ်ပြန်တက်ကာ အခန်းထဲဝင်ပြီး ဖုန်းကိုစက်ဖွင့်လိုက်တော့ ခေါ်ဆိုထားတဲ့ လွန်းရဲ့ဖုန်းကောဟာမနဲမနော။ ပြန်ဆက်ဖို့လုပ်ချိန် လွန်းက ဖုန်းခေါ်လာသည်။
" အဆင်ပြေရဲ့လား "
ကိုင်လိုက်တာနဲ့ ထွက်ပေါ်လာတဲ့အသံကြောင့် ယမင်းပြုံးမိသည်။ လွန်းဆိုတဲ့ကလေးမက သူ့ထက် ကိုယ့်ကိုပိုစိတ်ပူနေတက်သေးသည်။
" အင်းပြေပါတယ် "
" မပြေဘူးမဟုတ်လား။ အားရင်မနက်ဖြန်တွေ့လို့ရမလား။ "
" အင်းဟုတ်ပါပြီ။ မနက်ဖြန်တွေ့မယ် "
စကားအနည်းငယ်ပြောပြီး ဖုန်းချလိုက်သည်။ သိချင်နေသည်မှာ အကြင်နာအဘယ်ကြောင့်များ လွန်းကိုမုန်းနေရပါလိမ့်။ သူတို့ကြား ပြသာနာဖြစ်ထားတာသိ၏။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာ မသိသလို..လွန်းလဲမပြောပြခဲ့ပါ။
***
ညစာစားပြီးနောက် အကြင်နာနှင့် ခက်ဝါ အပြင်ဘက်က ခုံပေါ်ထွက်ထိုင်နေကြသည်။ကောင်းကင်၌တိမ်များ ကင်းစင်နေကာ တောက်ပနေသော ကြယ်များနှင့် လမင်းကြီးဟာလည်း ထိန်ထိန်လင်းနေသည်။
" ဒီနေ့လသာနေတာပဲ "
တီချယ်ကကောင်းကင်ကို မော့ကြည့်ကာပြောသည့်စကားကြောင့် တီချယ့်ကိုကြည့်လိုက်သည်။
" အကြင်နာကောင်းကင်ကိုကြည့်...ဒီနေ့တကယ်လှတယ် ကြယ်တွေရောပဲလှလိုက်တာ "
YOU ARE READING
ချစ်မိသွားချိန်၌
Non-Fictionသူငယ်ချင်းသဘောကျမိနေသော ဆရာမကိုအား ချစ်မိသွားချိန်၌။ အကြင်နာခွန်း × ပန်းခက်ဝါ