အပိုင်း - ၂၈။

1K 98 6
                                    

အကြင်နာရဲ့အိမ်ကို တီချယ်နှင့်အတူ စောစော ပြန်လာခဲ့သည်။ အိမ်ရောက်တာနှင့် မေမေက ခြံထဲမှာသူမ၏ အပင်တွေဖြင့် အလုပ်ရှုပ်နေတာကို တွေ့ရသည်။ ဘဲလ်ကိုတီးလိုက်တော့ မေမေက တံခါးအမြန်လာဖွင့်ပေးသည်။

" ခက်ဝါရောပါလာတာလား ... မပြောဘူးကွယ်။ ဟင်းကြိုချက်ထားမှာပေါ့ "

မေမေကဦးစွာ တီချယ့်ကို စကားစပြောသည်။ ဘေးက သူမ၏သမီးဖြစ်သူကိုတော့ သတိရတဲ့ပုံမပေါ်ပါပေ။ သူတို့ အိမ်ထဲကစကားတစ်ပြောပြောနှင့်ဝင်သွား၍ ခြံတံခါးအား ကိုယ်တိုင်ပင် ပိတ်လိုက်ရသည်။

" အကြင်နာရေ ရေပန်းပိတ်ခဲ့ပါဦး "

အိမ်ထဲဝင်မို့ရှိသေး မေမေ၏အသံကြောင့် နောက်ပြန်ဆုတ်ရသည်။ ဘယ်လောက် စကားပြောချင်နေသလဲဆိုတာလေ မေမေကရေပိတ်ဖို့ မေ့တဲ့အထိပါပဲ။ ဒီအခြေနေတိုင်းသာဆို မေမေက အကြင်နာ၏ချစ်သူဟာ တီချယ်ဖြစ်သည်ကို သိလျှင်အလွယ်တကူ လက်ခံပါလိမ့်မည်။

ရေပန်းပိတ်ခဲ့ပြီး အိမ်ထဲသို့ဝင်လာခဲ့သည်။ မေမေနှင့် တီချယ်ကတော့ ဆိုဖာပေါ်မှာထိုင်ပြီး စကားကောင်းနေကြပြီလေ။ အကြင်နာလည်း အရင်ဆုံးကိုယ့်အခန်းထဲကိုယ် ဝင်လာလိုက်တော့သည်။ တီတီယမင်းကိုတော့ ယခုအထိအရိပ်အယောင် မတွေ့သေးပါ။ အိမ်မှာများမရှိတာလား အခန်းတွင်းအောင်းနေတာလား မပြောတက်။

ကိုယ့်အခန်းထဲက ပြန်ထွက်လိုက်ပြီး တီတီယမင်း၏အခန်းရှေ့ကိုသွားခဲ့သည်။ ပြီးခဲ့တဲ့ပြသာနာတွေမှာ အကြင်နာမှားသည်ဖြစ်လို့ အသေအချာ ပြန်တောင်းပန်ချင်ဖို့အတွက် အခန်းရှေ့ကိုလာပြီး တံခါးဖွင့်လိုက်တော့ အထဲမှာတီတီက မရှိပါ။ တံခါးကို ပြန်ပိတ်ခဲ့လိုက်ပြီး တီချယ်နှင့်မေမေရှိရာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

" မေမေ တီတီအပြင်သွားနေတာလား "

မေမေက ခေါင်းငြိမ့်ပြသည်။ အကြင်နာတီချယ့်ဘေးသို့ ဝင်လိုက်ပြီး သူတို့ပြောသည့်စကားများကိုနားထောင်နေလိုက်သည်။ ခဏနေတော့ အကြင်နာလဲစကားဝင်ပြောရာမှ ကစားဝိုင်း ကျယ်ပြန့်လာသည်။
စကားပြောထက် မေမေနှင့် စကားပြောရင်ပြုံးနေတက်တဲ့ တီချယ့်ကို ကြည့်ရတာ ပိုသဘောကျသည်။

ချစ်မိသွားချိန်၌Where stories live. Discover now