ရှေ့မှာထိုင်နေတုန်းအကြင်နာ နာရီကိုတစ်ချက်ကြည့်လိုက်သည်။ တီတီတို့လဲသွားတာ နဲနဲကြာနေပြီဖြစ်သည်။
" ယမင်းတို့ ကြာလိုက်တာ "
ပြောရင်း မီးဖိုချောင်မှထွက်လာသည့် တီချယ်။ ပန်းကန်းဆေးပြီး ပြီထင်ပါ့။ အကြင်နာနှင့်မျက်နှာချင်းဆိုင် ဆိုဖာမှာဝင်ထိုင်သည်။ ဒီလောက် ဘေးမှာကော နေရာလွတ်တွေရှိနေတာကို မျက်နှာချင်းဆိုင် နေရာကိုမှ ဝင်ထိုင်သောတီချယ့်ကို စချင်လာတာကြောင့် ချက်ချင်းကောက်ထကာ တီချယ့်ဘေးက လွတ်သောနေရာတွင် ဝင်ထိုင်လိုက်သည်။
" ဘာလာလုပ်တာလဲ "
" ထိုင်တာလေ "
" ဟိုဘက်တိုးအုံးလေ။ ကိုယ်ချင်းထပ်တော့မယ်။ "
အတင်းတွေတွန်းလွှတ်နေသော တီချယ့်ကို အသဲမယားပဲမနေနိုင်တော့ပါ။
" ကိုယ်ချင်းထပ်တော့ပိုကောင်းတာပေါ့ "
" မင်းနော်။ သေတော့မယ်။ "
မျက်စောင်းထိုးသွားသော တီချယ်။ အကြင်နာ တီချယ့်ပုံစံအား သဘောကျလို့ ရယ်မိလိုက်သည်။
" ထိုင်ရင်လည်း ငြိမ်ငြိမ်ထိုင်လေ "
" ဘာလုပ်နေလို့လဲ တီချယ်ရဲ့ "
တီချယ့်ကို ဟိုထိဒီထိ သွားလုပ်နေတာအကြင်နာရယ်ပါ။ ဒါကိုမသိချင်ယောင်ဆောင်ကာ မေးလိုက်တော့ ပြန်မဖြေတော့လဲတီချယ်။ ထပ်အတင့်ရဲပြီး နောက်ကနေ လက်လျှိုဝင်ပြီး ခါးကိုဖက်လိုက်သည်။
" အကြင်နာ! အသားယူတာများပြီနော်။ "
အသားယူတာများနေပြီပြောပြီး အကြင်နာ့လက်ကို
မဖယ်ချပဲ ငြိမ်နေတာ တီချယ်ရယ်ပါ။" တီချယ် အဖြေမပေးသေးဘူးလား "
" ဘယ်တုန်းက တောင်းလို့လဲ "
တစ်ချက်ကြောင်သွားကာ နောက်မှသတိရသည်။ အကြင်နာတီချယ့်ကို ဖွင့်ပဲပြောသေးတာ ။ အဖြေမတောင်းရသေးတာပင်။
" အဲ့ဆိုအခုပြန်ပြောမယ်။ တီချယ့်ကို ချစ်တယ်။ လက်တွဲဖော်အမျိုးသမီးတစ်ယောက်လို ချစ်သွားတာ။ ဒါကိုတီချယ်လဲသိပါတယ်။ ဟိုးအရင်ထဲကကို။ အကြာကြီး တီချယ့်ကိုပဲစောင့်ခဲ့တာ။ အဖြေပေးလိုက်တော့နော်။ အချိန်ထပ်မဆွဲပဲနဲ့...အကြင်နာ့ကိုသနားဦး။ "
YOU ARE READING
ချစ်မိသွားချိန်၌
Non-Fictionသူငယ်ချင်းသဘောကျမိနေသော ဆရာမကိုအား ချစ်မိသွားချိန်၌။ အကြင်နာခွန်း × ပန်းခက်ဝါ