အပိုင်း - ၁၀။

1.3K 94 2
                                    

"မမအကြင်နာ...မေးစရာရှိတယ်ဆို။"

နေ့လယ်က ကိစ္စ့အားမေးရင် သစ္စာကိုခေါ်လိုက်ရသည်။ တီချယ်ဝါနဲ့ ဘယ်လိုရင်းနှီးသွားလဲ သိချင်တာမှ အရမ်းပင်။ အကြင်နာ့ထက်တောင် သူကတီချယ်ဖြင့် ပိုရင်းနှီးသည့်ပုံပေါက်နေသည်။

"လာဦး...ဟိုဟာတီချယ်ဝါနဲ့ဘယ်လိုရင်းနှီးသွားတာလဲ။ တစ်ရက်ထဲနဲလေ။"

"အော် အဲ့တာကဒီတိုင်းပါပဲ။ ဒီနေ့သူ့အချိန်က၂ချိန်တောင်ပါတာ အဲ့မှာရင်းနှီးသွားတာ။"

"ဟင် ငါတို့ကျနှစ်ဝက်တောင်ရှိပြီ။ အဲ့လောက်ရင်းရင်းနှီးနှီး သူကမနေပါဘူး။"

"တီချယ်က ကလေးချစ်တက်တာကို..။ မမအကြင်နာတို့က ကြီးပြီလေ။"

ကလေးချစ်တက်တာ အကြင်နာနဲနဲသတိထားမိသည်။ ကျောင်းဆင်းချိန်တိုင်း ကလေးတွေကလဲ သူ့ဆီ လာ၍ စကားပြောနေတက်သည်။ သူကလဲ ကလေးတွေဆို အရောဝင်တာ မြင်တွေ့ရပါသည်။

သစ္စာဖြင့် စကားကောင်းကာ ကျူရှင်ကိုတောင်မေ့နေသည်အထိ။ နာရီကြည့်တော့ ကျူရှင်သွားဖို့၁၀မိနစ်တောင်ကျော်ပြီလေ။

"သွားပါပြီ! ၁၀မိနစ်တောင်စွန်းသွားပြီ။ နောက်မှပဲငါဆက်မေးတော့မယ်နော်သစ္စာ။ မေမေကလဲသတိမပေးဘူး။"

"နင်ကအသံတိတ်နေတော့ သွားပြီထင်လို့လေ။ သွားသွားအခု လေပေါမနေပဲ။"

လွယ်အိတ်ကောက်ဆွဲကာ ကျူရှင်သို့ ခြေကုန်သုတ်ပြေးရသည်။ ခြံရှေ့ရောက်တော့ ဘဲလ်ကိုတီးကာ မောသည့်အတွက် ရင်ဘက်ကို ဖိရင်း။

"မလာတော့ဘူးထင်နေတာ။ မိနစ်၂၀နီးပါးလောက်ကိုနောက်ကျတာနော်။"

"ကျူရှင်သွားဖို့ကို ခနမေ့သွားလို့...အဲ့တာနောက်ကျသွားတာ။"

ခြံတံခါးဖွင့်ပေးရင်း ဆိုလာသည်တီချယ်။ အကြင်နာလဲ သွားဖြီးပြကာ အိမ်ထဲဝင်လာလိုက်တော့သည်။

ခေါင်းလျှော်ထားပုံရသည့် တီချယ်ဝါဟာ ဆံပင်ကို တစ်ဝက်ထဲသာ စီးထား၏။ အနားသို့ကပ်တာနှင့် ခေါင်းလျှော်ရည်အနံ့ဟာ နှာခေါင်းထိပ်ဝတွင် ကျီစယ်နေလျက်။

ချစ်မိသွားချိန်၌Opowieści tętniące życiem. Odkryj je teraz