အပိုင်း - ၁၆။

1.4K 86 5
                                    

" ယမင်းရေ...ခက်ဝါဆီ ကြာဇံဟင်းခါးသွားပေးဦးလေ။ "

ယနေ့ မွေးနေ့ဖြစ်တာကြောင့် အိမ်တွင်ကြာဇံဟင်းခါးလုပ်စားဖြစ်သည်။ သမီးဖြစ်သူ နိုင်ငံခြားသွားတာလဲ တစ်ပတ်တောင် ရှိရောပေါ့။ အကြင်နာမရှိတော့လဲ အိမ်ကတစ်မျိုး တိတ်ဆိတ်နေတက်သည်။ သူစသွားထဲက ယနေ့ထိ ၂ခါပဲ ဖုန်းပြောဖြစ်သေးသည်။ ဒီကအချိန်နဲ့ ဟိုကအချိန်ကလဲ တော်တော်ကွာတာကိုး။

" ကြာဇံဟင်းခါးမြင်တော့ အကြင်နာ့ကိုသတိရလိုက်တာ။ အခုဆို ဘာများလုပ်နေသလဲမသိပါဘူး။ "

" ပိုပြီအမကလဲ။ ဟိုက သတိတောင်ရရဲ့လားမသိ။ ပျော်နေရောပေါ့။ "

" နင်ကလဲဟယ် ငါ့သမီးဆို ပြောဖို့ကြီး။ ရော့ရော့ ခက်ဝါကို သွားပေး။ "

အကဲပိုနေသော အမကိုမျက်စောင်းထိုးကာ ကြာဇံချိုင့်ကို ဆွဲ၍ ထွက်လာခဲ့တော့သည်။ အမကို အပိုတွေလုပ်နေတယ်သာပြောတာ တူမဖြစ်သူကို တစ်ခါတစ်လေတော့လဲ လွမ်းလှ၏။

နောက်ဆုံးခက်ဝါအိမ်ရှေ့ရောက်တော့ ရှိကောရှိလားဟု အရင်ကြည့်လိုက်သည်။ အပေါ်ထပ်ပြတင်းပေါက်ဖွင့်ထားတာ မြင်လိုက်တော့ ခြံရှေ့ဘဲလ်ကိုတီးလိုက်သည်။

ဘဲလ်တီးပြီး ခနအကြာ ခက်ဝါတစ်ယောက်ထွက်ရှိလာသည်။ သူမှာလဲ ဘာတွေလုပ်နေရလဲမသိ။ အရင်ထက်ပိန်နေသည်။

" ခက်ဝါ...ပိန်သွားလိုက်တာ။ နင်ဘာတွေဖြစ်နေတာလဲ။ "

" အရင်အိမ်ထဲလာ။ မေမေပြင်ဦးလွင်က ပြန်ရောက်နေတယ်။ ငါပြီးရင် အကြောင်းစုံပြောပြပါ့မယ်။ " 

အိမ်ထဲ ရောက်တာ အရှေ့ခန်းမှာထိုင်နေသော ခက်ဝါ အမေကိုတွေ့လိုက်ရသည်။ မတွေ့တာကြာပြီဖြစ်တဲ့ အန်တီကို ပြုံးပြလိုက်၍ ခက်ဝါခေါ်ရာအနောက်ဘက်သို့ လိုက်လာခဲ့တော့သည်။

" အိမ်ကအမမွေးနေ့မို့ ကြာဇံဟင်းခါးလာပေးတာ။ ဒါနဲ့အန်တီကအလည်လာတာလားခက်ဝါ။ "

" မဟုတ်ဘူး ... ရန်ကုန်ကိုအပြီးပြောင်းလာတာ။ မေမေက အတင်း ကိုသုခထွန်းနဲ့ စေ့စပ်ခိုင်းနေတယ်။ ဒီကိုလာတာလဲ အဲ့အကြောင်းနဲ့ပေါ့။ ကိုသုခထွန်းမေ့မေ့ကို ဘာတွေသွေးထိုးလိုက်ပြန်ပြီလဲမသိဘူး ယမင်းရယ်။ "

ချစ်မိသွားချိန်၌Where stories live. Discover now