အပိုင်း - ၁၅။

1.3K 104 16
                                    

တီချယ်နဲ့မခေါ်ဖြစ်သည်မှာ နှစ်ပတ်တိတိ။ ကျောင်းမှာတွေ့ရင်တောင် စာနှင့်ပက်သက်၍ ပိုတာမပြော။ ကျူရှင်လဲ မသွားဖြစ်ခဲ့ပါဘူးလေ။ မေမေကတော့ သတိထားမိတယ်ထင်ပါရဲ့ ဘာလို့ကျူရှင်မသွားချင်လဲ ဟုမေးလာသည်။ အကြင်နာတော့ ကွေ့ပက်ဖြေကာ နေရသည်။

တီချယ်ဟာ အကြင်နာနဲ့ စကားမပြောတဲ့တစ်လျှောက်လုံး လွန်းနဲ့သာ ပိုရင်းနှီးလာသည်ကို သတိထားမိ၏။ တစ်ဖက်မှ ကြည့်တော့လဲ ဒါက လွန်းအတွက် ကောင်းပါတယ်။ လွန်းဘယ်လောက် ပျော်နေမလဲ အကြင်နာ တပ်အပ်သိပါသည်။
ဒန်းပေါ်မှာ ငူငိုင်ငိုင်ကြီး ထိုင်နေတာ နေတောင်ဝင်ပြီ။ မှောင်စ ပြုလာ၍ လမ်းမီးတိုင်းများပွင့်လာသည်။

" အေးဟယ်။ ငါ့သားကိုလဲ Uk မဟုတ်ရင် Usa ပို့ဖို့စဥ်းစားထားတယ်။ "

ခြံရှေ့က ဖြတ်သွားသော အဒေါ်ကြီးနှစ်ယောက်ထဲက တစ်ယောက်ဆီက အသံ။ ထိုအခါမှ အကြင်နာတစ်ခုကို သတိရသွားကာ ငိုင်ငိုင်ကြီးထိုင်နေရာမှ ခါးတွေမတ်သွားသည်။ အတွေးပေါင်းစုံနှင့် တွေးရင်း ဆုံးဖြတ်ပြီးနောက် ဖေဖေ့ဆီပြေးရသည်။

" ဖေဖေရေ! ... ဖေဖေ။ ဟာ ဘယ်ရောက်နေလဲမသိဘူး။ မေမေရေ...မေမေ!။ "

" ဟဲ့ဘာလို့အဲ့လောက်အော်နေတာလဲ။ဘာလုပ်မို့ အသည်းအသန်ခေါ်နေတာလဲအကြင်နာ။ "

" ဖေဖေကော...ဖေဖေ။ "

" အပေါ်ထပ်မှာနေမယ်။ "

မေမေ့ဆီက အဖြေရတာနှင့် အပေါ်သို့ပြေးတက်သည်။ ဖေဖေ့အခန်းထဲရောက်တော့လည်း မတွေ့ပြန်။ အရေးအကြောင်းဆို တော်တော်ရှာရခက်တဲ့ ဖေဖေပင်။ နောက်ဆုံး ဖေဖေ့အလုပ်အခန်းကို
ကြည့်တော့မှ တွေ့ပါပြီ။

" ဖေဖေပြောစရာရှိလို့။ "

စားပွဲရှေ့ မတ်တပ်ရပ်ကာ ပြောတော့ ဖေဖေက မျက်မှန်ချွတ်ကာ ပြောဆိုသည့်သဘော မေးငေါ့ပြလေသည်။

" အကြင်နာပြောစရာက အကြင်နာဒီမှာကျောင်းမတက်တော့ပဲ အရင်နှစ်တုန်းက ဖေဖေပြောသလို
Ukမှာ..."

" ဟေ! "

ဖေဖေက အံသြနေသည့်ပုံ။ အရင်နှစ်ထဲက ဖေဖေက Uk မှာ သူ့ညီမရှိသည်ဆို၍ အဲ့မှာကျောင်းတက်ဖို့ ပြောသည်။ အဲ့တုန်းက ဖေဖေ့ညီမဖြစ်သူနဲ့ အကြင်နာဟာ ရင်းနှီးချင်းလဲ မရှိ ၊ တစ်ခါပဲ တွေ့ဖူးတာကြောင့်
သူ့ဆီမှာ နေဖို့ငြင်းခဲ့တာ။

ချစ်မိသွားချိန်၌Where stories live. Discover now