part-1

2K 42 0
                                    

ဖုန်းအသစ်လှဲချင်တဲ့စိတ်က ထိန်းမရတာနဲ့ laptop ရောင်းပြီး ဖုန်းအသစ်ဝယ်ပစ်လိုက်သည်...

လက်ရှိအလုပ်မှာ လုပ်နေတာလည်း ခြောက်နှစ်လောက်ရှိပြီ....

အိမ်နဲ့အလုပ် အဝေးကြီးဆိုပေမယ့် အသစ်ထပ်ပြောင်းဖို့လည်း မကြိုက်တာကြောင့် ပေတေပြီးနေခဲ့သည်.....

နောက်ပိုင်း အလုပ်မှာ တိုးတက်မှုမရှိတော့တဲ့ ‌အခြေအနေအရပ်ရပ်‌ကြောင့် အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရတယ်....

၆နှစ်လောက် နေ့ဓူတဝ ကျင်လည်နေရင်းက ရုတ်တရက် အလုပ်မလုပ်တော့တဲ့အခါ စိတ်က‌ တော်တော် depression ဝင်လာတယ် တနေ့ကုန် တညလုံး လိုင်းသုံးရင်းနဲ့ပဲ အချိန်တွေ ကုန်ဆုံးနေခဲ့သည်....

မထင်မှတ်ဘဲ လိုင်းပေါ်မှာ တွေ့တဲ့ ကောင်းမလေးတစ်ယောက်က ကျွန်တော့် အတွေးတွေထဲ စိုးမိုးလာခဲ့တယ်....

*****

မိဘတွေမရှိတော့တဲ့နောက်ပိုင်း company ကို တာဝန်ယူရမယ့် အပိုင်းဟာ ကျွန်မ ပုခုံးပေါ် အလိုလို ရောက်လာသည်...

အားကိုးစရာ လူကြီးဆိုလည်း ကိုယ်ပဲ ချွဲနွဲ့ဆိုးသွမ်းချင်မိတဲ့ လူငယ်လေးဆိုလည်း ကိုယ်ပဲ အဲ့လို ကျွန်မမှာ ကျွန်မပဲ ရှိတယ်ဆို‌တဲ့ အသိက ရင့်ကျက်ချင်ယောင်ဆောင် ခက်ထန်ချင်ယောင်ဆောင်တဲ့ နေရာမှာ ဆရာကျခဲ့တယ်လေ....

ညနေပိုင်း companyမှာ meeting ထိုင်ပြီး‌တော့ လူကတော်တော် ပင်ပန်းနေပြီး အိမ်ပြန်ရောက်တော့ ဝိုင်လေးနည်းနည်း သောက်ဖြစ်သည်...

ဝရံတာကို ထွက်ပြီး လေညှင်းခံနေတုန်း ဖုန်း message သံကြားလို့ ကြည့်မိတော့ ဘယ်က ချာတိတ်မှန်းမသိပါဘူး

"Hi"...

"စားpb လား..."

သူနဲ့ ကျွန်မနဲ့လည်း မရင်းနှီး ပဲနဲ့လေ ဒီလိုစာလာ‌ပို့တော့ ပုံမှန် ရိသဲ့သဲ့ လုပ်ချင်လို့ စကားစတယ်ဆိုတဲ့စိတ်နဲ့ စာမပြန်ဖြစ်ခဲ့ဘူး....

ကျွန်တော်က စာရေးတာ ဝါသနာပါတယ်ဆိုပေမယ့် လုံးဝမသိတဲ့ လူတစ်ယောက်ကို ကြူးဖို့တော့ မကျွမ်းပြန်ဘူးလေ....

"Hi" "စားpbလား" "နေကောင်လား" ဒီသုံးခုကိုပဲ reply မရှိတဲ့ account ကို တပတ်လောက် ပို့ခဲ့မိတယ်😂

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now