Part-5!!!

837 18 0
                                    

ကြင်စဦးဇနီးမောင်နှံကနေ ဖြတ်သန်းလာခဲ့တာ အခုဆို မိသားစုဘဝလေးတစ်ခု ပိုင်ဆိုင်ထားပါပြီ။ သားလေးကို ကျွန်မသွားနေကျ မိဘမဲ့ ဂေဟာကနေ ခေါ်ယူမွေးစားခဲ့သည်။မောင်နဲ့ကျွန်မရဲ့ ချစ်မေတ္တာရပ်ဝန်းထဲ သားလေးဝင်လာတော့ ဘဝက ပိုပြီး ပြီးပြည့်စုံလာခဲ့တော့သည်။မောင်က လက်မထပ်ခင်တုန်းက လူကြီးဆန်သလောက် အခုတော့ သားလေးနဲ့ ပေါင်းပြီး ဆိုးတတ်နေပြီလေ။ တစ်ခါတလေ ပါးစပ်နဲ့ ပြောတာနားမထောင်ရင် သားကိုရော မောင့်ကိုရော ကျွန်မရိုက်ရပါသည်။ မောင်က သားကို အရမ်းအလိုလိုက်သည်။ သားဖြစ်ချင်တာကို မရရအောင်လုပ်ပေးတတ်သည်။

တခါက သားနေမကောင်းဖြစ်ပြီး ချောင်းအရမ်းဆိုးနေခဲ့သည်။ ဒါကို သားနဲ့ လမ်းထိပ် လမ်းလျှောက်ခဏထွက်မယ်လို့ပြောပြီး ကျွန်မမသိအောင် ရေခဲမုန့်ခိုးစားကြသည်တဲ့လေ။ ညရောက်တော့ မိသားစု သုံးယောက်လုံး အိပ်မရပါ။ သားကချောင်းဆိုးမသက်သာတဲ့အပြင် ပြန်ဖျားလာမှ ညနေကရေခဲမုန့်စားခဲ့မှန်းသိရသည်။

"မောင်! သားနေမကောင်းတာ သိရက်နဲ့ကွာ သားစားချင်တယ်ပြောရင်တောင် မောင်ထိန်းရမှာ မဟုတ်လား အခုတော့...."

"‌မောင်လည်း သက်သာလာပြီထင်လို့ ကျွေးလိုက်တာပါကွာ သားကအရမ်းတောင်းဆိုနေတော့ မောင်မနေနိုင်လို့"

"နောက်တစ်ခါဆို သားဖနှစ်ယောက်လုံး ကြက်မွှေးစာမိမယ်နော်.... မနက်ကျ ဆေးခန်းပြန်ပြီး ဆေးထိုးအပ်ကြီးကြီးနဲ့ ဆေးထိုးခိုင်းရမယ်"

"ဒယ်ဒီ....ဟင့်....မာမီက သားကို မချစ်တော့ဘူးလားမသိ"

"အပိုတွေမပြောနဲ့ ခန့်ထည်ဝါ မင်းရော ‌မင်းကို အလိုလိုက်တဲ့ မင်းဒယ်ဒီကိုပါ ဆေးထိုးခိုင်းလိုက်မယ်"

"ကဲပါ မ ရယ် မောင်လည်း နောက်ဆင်ခြင်ပါ့မယ် အပြစ်ပေးမယ်ဆိုလည်း မောင်ခံယူပါ့မယ် လောလောဆယ်တော့ သားကို ဆေးတိုက်ပြီး အိပ်ရအောင်နော်"

"မနက် ‌သားနိုးတာနဲ့ မောင်ပဲ ဆေးခန်းပြန်ပြပေးလိုက်ပါ့မယ်"

"ဟွန့်"…

အဲ့လိုပါဆို အခုတော့ သူတို့သားအဖကြား ကျွန်မ လူဆိုးမကြီး ဖြစ်ရသည်။ဒါတွေကပဲ အချစ်တွေတိုးစေတဲ့ မေတ္တာဓာတ်တွေဖြစ်နေခဲ့သည်....

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now