Part-8

525 22 1
                                    

ဒီနေ့ မောင်ဆေးရုံဆင်းလို့ရသည်။အိမ်ပြန်ရတော့မယ်ဆိုပြီး အစောကြီးနိုးနေတဲ့မောင်ပါလေ...ဟုတ်ရဲ့ မောင်လည်း ဒီဆေးရုံအငွေ့အသက်တွေကနေ ကင်းလွတ်ချင်နေလောက်ရောပေါ့။လမ်းလျှောက်နိုင်ပြီဆိုပေမယ့် စိတ်မချနိုင်ပါ။

မောင်မျက်နှာသစ်ဖို့ ပြင်ပေးမိသည်။ ရေပတ်တိုက်ပြီး အဝတ်လဲပေးလိုက်သည်။

"Toilet သွားချင်လို့ မောင့်ကို လမ်းပေးလျှောက်ပါဦး"

"အင်း လာလေ မ လိုက်ပို့မှာပေါ့"

"အိမ်သာတက်ချင်လို့ တစ်ယောက်ထဲသွားမှာပါဆို ဘာလိုက်လုပ်ဦးမှာလဲ မရဲ့"

"ရှင်ဘာသာ ရှင်းစရာရှိတဲ့ ကိစ္စ ရှင်းလေ ကျွန်မလည်း ကျွန်မ ချစ်ရတဲ့သူကို လိုက်စောင့်ရှောက်တာ ဘယ်သူ့ ခွင့်ပြုချက်ယူရမာလဲ"

မျက်စိအောက်က အပျောက်မခံ စိတ်မချဖြစ်နေတဲ့ ကျွန်တော့်သက်ထားပါလေ...

ငြင်းလို့လည်းရမှာမဟုတ်လို့ သူ့ပါ toilet ထဲခေါ်ခဲ့ရသည်။ ပုံမှန် အပြင်က လူရှိရင်တောင် အိမ်သာမသွားတတ်တာ အခု အထဲထဲထိ လိုက်လာတဲ့လူရှိတော့ ပိုဆိုးတာပေါ့...

"ရှက်နေတာလား မောင်"

"ကျွန်မ ကျောပေးထားတယ်လေ ပြီးရင်ပြောလိုက် တွဲကူမယ်"

"ဟို မောင် မသွားတတ်ဘူး မ အပြင်ဘဲ ထွက်နေလိုက်နော်"

"လက်ကမကောင်းသေးဘူးမလား လာ ဘောင်းဘီတော့ ချွတ်ခဲ့ပေးမယ်"

"အို...မလိုပါဘူး ရတယ် သွား သွား အပြင်ကစောင့်"

ဘယ်နှယ့် နှစ်ဘက်လုံးကျိုးတာမှမဟုတ်တာ ဘောင်းဘီတော့ ချွတ်နိုင်ပါသေးသည်။

ဘယ်လောက်ပဲ မြင်ဖူးပါတယ်ပြောပြော အဝတ်ဗလာဖြစ်နေရင်တော့ ရှက်နေတတ်ပါသည်။

-----

လိုအပ်တာ အားလုံး ပြင်ဆင်ပြီးနောက်

"ကဲ ကျွန်မတို့ရဲ့ နိဗ္ဗာန်ဘုံလေးဆီ ပြန်ကြမယ်မောင် သားလေးရော မောင့်မိဘတွေကပါ ကျွန်မတို့ အိမ်က စောင့်မယ်တဲ့လေ"

"ဒါဆို မောင်တို့ သွားကြတာပေါ့"

မောင်နဲ့အတူတူ အိမ်ကို အမြဲလိုလို ပြန်ခဲ့ဖူးပေမယ့် ဒီတစ်ခေါက် အိမ်ပြန်လမ်းဟာ ကြည်နူးဖို့အကောင်းဆုံးဖြစ်သည်။ မောင်က ကျွန်မဘဝဆီ ဒုတိယအကြိမ်ပြန်လာသောကြောင့်ဖြစ်မည်။

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now