Part-4!!!

926 26 0
                                    

(အသက်မပြည့်သေးသူများ ဖတ်ရန်မသင့်တော်ပါ။ *T*တွေ *B*တွေဆိုတဲ့ ကန့်သတ်ချက်ဟာ ဘဝဖြစ်တည်မှုနဲ့ မသက်ဆိုင်ဘူးထင်မိပါတယ် ချစ်တဲ့သူနဲ့ဆို အရာအားလုံးတူတူဖြတ်သန်းမိကြမယ်ထင်ပါတယ်)

-----------

ဒီလိုနဲ့ ထင်မှားသံသယတွေရှင်းပြီးတော့ ကျွန်မလည်း မောင့်ကို လက်ထက်ဖို့ မောင့် မိဘတွေဆီ ခွင့်သွားတောင်းရသည်။မောင်မိဘတွေက ခေတ်လူ‌ငယ်တွေမဟုတ်ပေမယ့် သူတို့ သမီး စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်ဆိုပြီး ပြောလို့ အားလုံး အဆင်ပြေခဲ့ရသည်။

မင်္ဂလာပွဲ အကြီးအကျယ် မလုပ်ချင်တာကြောင့် မောင်တို့အိမ်မှာဘဲ ဆွမ်းကျွေးသဘောမျိုးလေးလုပ်သည်။မောင်သူငယ်ချင်းအချို့လာသည်။မောင်ငယ်ချစ်ဦးလည်း သူ့အမျိုးသားနဲ့ အတူ လာသည်။ဧည့်ခံပွဲပြီးသွားတော့ မောင်နဲ့ ကျွန်မ တအိုးတအိမ်တည်ထောင်မယ့် တိုက်ခန်းဆီ ပြန်ခံနီး မောင့်မိဘတွေကိုကန်တော့သည်။

"သူ့အကို အစ်မတွေက လာချင်ပေမယ့် ချက်ချင်းကြီး စီစဉ်ကြတော့ မလာနိုင်ကြဘူးကွယ်"

"မေတို့ ကလေးလေးကို စောင့်ရှောက်ပါဦးနော့်"

"ဖေ့သမီးလေး ချစ်တဲ့သူနဲ့ သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေကွယ်... သိပ်လည်းမဆိုးနဲ့တော့နော့"

"ဟုတ်ကဲ့"

တိုက်ခန်းရောက်သော်....

ပင်ပန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညနေစာမပြင်ပေးပါ စိတ်ကောက်နေတာ တပတ်ကျော်ပြီဆိုပေမယ့် မပြေသေးပါ.... ချော့နေတဲ့လူရှိတော့ ပိုကောက်တာ ထုံးစံပဲမဟုတ်လား,

"မောင်... မ ညစာပြင်လိုက်မယ်နော်...ရေချိုးမယ်မဟုတ်လား သွားသွား ချိုး‌လိုက်တော့"

"ရေသောက်သွားဦးလေမောင်"

ပွစိပွစိပြောနေပေမယ့် ကျွန်တော် ချစ်ရပါ‌တယ် ချစ်လို့လည်း တဘဝလုံးပေးခဲ့မိတာမဟုတ်လား...

‌စဉ်းစားရင်းတွေးရင်း ရေချိုးနေတာ နာရီဝက်လောက်ကြာသွားတယ်ထင်ရဲ့

"မောင်ရေ... ‌ကလေးလေးရေ...

တော်တော့လေနော် နေမကောင်းဖြစ်လိ့မ်မယ် အဝတ်လည်း ထုတ်ထားပြီး ထွက်ခဲ့တော့"

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now