Part-7

503 23 0
                                    

ကျွန်မလက်ထဲက ဖုန်းတောင်လွှတ်ကျသွားသည်ထိ သတိလက်လွှတ်ဖြစ်ခဲ့ရသည်။မောင် ဘယ်လိုဖြစ်ရတာ‌လဲ ကြီးကြီးမားမားမထိခိုက်ဖို့သာ အကြိမ်ကြိမ်ဆုတောင်းနေမိသည်။ တလမ်းထဲမို့ သားကိုပါ ဝင်ခေါ်ရင်း မောင်ရှိရာ ဆေးရုံဆီသို့ အမြန်လာခဲ့သည်။ကားကို ဘဝမှာတခါမှမမောင်းဘူးတဲ့‌အရှိန်နဲ့မောင်းနေပေမယ့် နှေးနေသလိုခံစားရပါသည်။ ထိန်းမရအောင် မျက်ရည်တွေ ကျနေခဲ့၍ သားကစိတ်ပူမိသည်ထင်ရဲ့ မေးခွန်းတွေကိုသာ တရစပ်မေးနေတော့သည်။ကျွန်မ ဘာမှမဖြေမိပါ မောင့်ဆိရောက်ဖို့သာအရေးကြီးသည်‌။
"ခဏက ဖုန်းဆက်တဲ့ လူနာရှင်ပါရဲ့"

"ဟုတ်ကဲ့ ဘာတော်လဲ မသိဘူးရှင့်"

"သူ့အမျိုးသမီးပါရှင့်"

"လိုအပ်တဲ့ အချက်အလက်လေးဖြည့်ပြီး လက်မှတ်လေးထိုးပေးပါနော် "

*တုနှိုင်းခန့်*
မောင့်နာမည်လေးတောင် လက်တုန်တုန်နဲ့ဖြည့်ပေးနေမိသည်။ခွဲခန်းရှေ့သားလေးကိုဖက်ပြီး မောင်အန္တရာယ်ကင်းကင်းကျော်လွှားနိုင်ဖို့ တတ်သမျှ မှတ်မိသမျှ ဘုရားစာတွေ ရေရွတ်နေမိသည်။သားရှေ့ မပြိုလဲအောင်ထိန်းနေတဲ့ကြားက မျက်ရည်တွေ ကျနေခဲ့လို့ သားလက်သေးသေးလေးတွေဖြင့်သုတ်ပေးနေသည်။ဟုတ်ရဲ့ သားက ဘာမှမသိနားမလည်သေးတော့ တွေ့မြင်သမျှကြောင်အမ်းအမ်းြဖစ်နေသည်။
-----
၃နာရီလောက်ကြာမှ ခွဲခန်းတံခါးပွင့်လာကာ ဆရာဝန်တွေထွက်လာသည်။
"အက်စီးဒန့်ကြောင့် ဦးခေါင်းရယ် လက်ရယ် ထိခိုက်မိသွားတာပါ လိုအပ်တဲ့ခွဲစိတ်မှုတွေလုပ်ထားပေးပြီဆိုတော့ သတိရလာဖို့ စောင့်ကြည့်ကြတာပေါ့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါက်တာ"
မောင့်အတွက်သီးသန့်ခန်းယူပြီး အခန်းထဲ မောင့်ကိုရွေ့ပေးကြသည်။မောင့်ရဲ့ခေါင်းနဲ့ လက်က ပတ်တီးဖြူဖြူတွေ မျက်နှာသေးသေးလေးပေါ်က ပွန်းပဲ့ဒဏ်ရာတွေ ကျွန်မရင်ကို တချက်ခြင်းခွဲနေသလိုပါပဲ။အမြဲတက်ကြွနေတတ်တဲ့သူကို အခုလိုတွေ့ရတော့ နှလုံးသားတွေ တဆစ်ဆစ်နာရပါသည်။တအောင့်အကြာ မောင့်မိဘတွေရောက်လာသည်။မောင့်ဖေဖေကတော့ ယောင်္ကျားလေးပီပီ စိုးရိမ်းစိတ်ကိုထုတ်မပြပေမယ့် မောင့်ကိုပဲ မျက်တောင်မခတ်တမ်းကြည့်နေသည်။မောင့်မေမေကတော့ မျက်ရည်တွေနဲ့ *ကလေးငယ်ပြန်ကောင်းလာမယ် မဟုတ်လားဟင်*ဒီစကားကိုပဲ ထပ်ခါတလဲလဲမေးနေတော့သည်။

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now