Part-6

535 20 0
                                    

အချိန်ရာသီတွေ တရွေ့ရွေ့ပြောင်းလာပြီးနောက်သားရဲ့နွေကျောင်းပိတ်ရက်ကိုရောက်လာသည်။သားအမိတွေအတွက် မနက်စာလုပ်ပေးပြီးနောက် မ ရုံးသွားဖို့လိုအပ်တာပြင်ပေးတတ်သည်။နေ့လည်စာ ကိုတော့ သားကိုခေါ်ပြီး မရှိရာ company ထိလိုက်သွားပြီး တကူးတက အတူစားဖြစ်သည်။ နေ့လည်နေ့ခင်း သားကို ပုံပြင်လေးတွေဖတ်ပြရင်း ရုံးဆင်းချိန်ထိ မ ရုံးခန်းထဲ သားအဖနှစ်ယောက် အတူထိုင်စောင့်ဖြစ်သည်။တခါတလေ အစည်းအဝေးရှိရင်တော့ ကျွန်တော်တို့နှစ်ယောက် အရင်ပြန်လာဖြစ်ပြီး ညစာ ready လုပ်ကာ မ ပြန်လာသည်ထိ TV ကြည့်ရင်းစောင့်နေတတ်ကြသည်။
"မောင်"
"သားလည်းကျောင်းပိတ်တုန်း နောက်တပတ် မ တို့ ပုဂံသွားကြမလားဟင် မောင်ဘယ်လိုသဘောရလဲ"

"ပုဂံ ဟုတ်လား မ"
"အို ဘယ်လိုသဘောရရမှာလည်း မောင်သိပ်သွားချင်နေခဲ့တာလေ"
"သွားကြမယ်နော်" "သားရော လိုက်ချင်ရဲ့လား"

"ဘာလဲ ဒယ်ဒီနဲ့ မာမီက သားကို ထားခဲ့ပြီး နှစ်ယောက်ထဲ သာယာချင်လို့လား😒"

"အွန်း သားကို အဘွားအိမ်မှာထားခဲ့ရမလားလို့"

"မာမီနော်...... သားကိုမခေါ်ဘဲသွားကြည့် ခြေပွတ်ပြီးငိုမှာ ထမင်းမစားဘဲနေမှာ"

ဟားဟား နှစ်ယောက်ပြိုင်တူရယ်မိသည်။စနေတာကို တကယ်မခေါ်ဘဲ သွားမယ်ထင်ပြီး ငိုမဲ့မဲ့လုပ်နေသည့် သားကို နှစ်ယောက်သား အချစ်ပိုနေမိသည်။

ဒီလိုနဲ့ ကတိပေးထားတဲ့အတိုင်း ပုံဂကိုပို့ပေးခဲ့သည်။သားက ခရီးပန်းလို့ထင်ရဲ့ တလမ်းလုံး အိပ်ပြီးလိုက်သည်။စားသောက်ဖို့ ကားရပ်နားချိန်လောက်သာ နိုးသည်။မောင်နဲ့ ကျွန်မကတော့ တစ်ယောက်တလှည့်ကားမောင်းဖြစ်ကြသည်။ မောင်ပဲ မောင်းခဲ့တယ်ပြောရင်ပိုမှန်မည်။ ကျွန်မကို နားစေချင်လို့လို့ပြောပေမယ့် တလမ်းလုံး ‌အရင်ကအကြောင်းတွေ ပြန်ပြောရင်း နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်အဖော်လုပ်ပေးရင်း ခရီးဆက်ခဲ့သည်။
သားကို လှည့်ကြည့်ရင်း အိပ်နေတာ သေချာရင် မောင်က ကျွန်မပါးကို လာလာနမ်းတတ်သေးသည်။ကားမောင်းနေရင်း ကျွန်မလက်ဖမိုးလေးကိုလည်းမလွှတ်တမ်း ကိုင်ထားတတ်သေးသည်။
ပုဂံရောက်တော့ hotel မှာ ခဏနားပြီး မိသားစုလိုက် လျှောက်လည်ဖြစ်ကြသည်။ မောင်က သူဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ပါတဲ့ နေရာတွေဆီ သတိတရသွားသည်။ ဓာတ်ပုံတွေလည်း မနားတမ်းရိုက်နေတတ်ပြန်သည်။ မိသားစုပုံရိုက်ဖို့တောင် မနည်းခေါ်နေခဲ့ရသည်။
"မောင်ရေ... လာလေကွာ ဓာတ်ပုံရိုက်ရအောင်ပါဆို"

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now