Part-3

707 26 0
                                    

အချိန်ရာသီတွေတရွေ့ရွေ့ပြောင်းလဲနေခဲ့တော့သည်။

အလုပ်တွေများတဲ့ ကျွန်မဟာ မောင့်ကို ညဘက်ရောက်မှ ဖုန်းပြောရင်းပဲ အချိန်ပေးနိုင်တော့သည်။မောင်ကလည်း ကျွန်မကို စောင့်နေပါမည်တဲ့လေ...
တချို့နေ့တွေဆို အလုပ်တွေများပြီး ဖုန်းတောင်မခေါ်နိုင်ဘဲ အိပ်ပျော်သွားတဲ့ ညတွေမှာတောင် မောင်ဟာ message လေးတစ်စောင်တော့ ကျွန်မဆီ ရအောင်ပို့ပေးခဲ့ပါသည်။
တစ်လလောက်ကြာတော့ company မှာဖြစ်သွားတဲ့ ပြသနာတွေလည်းရှင်းပြီး အလုပ်တွေ ပုံမှန်လည်ပတ်သွားတော့ ညနေရုံးဆင်းရင် မောင်ဆီသွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။
မောင့်ဆီသွားခွင့်ရတော့မယ့် ကျွန်မတော့ နာရီတကြည့်ကြည့်နဲ့ နေလာမိတယ်...
နေ့လည်စာလည်းမစားဖြစ် အလုပ်ပီးဖို့သာ ဦးတည်နေတယ်လေ...
နေ့လည် ၁နာရီခန့်...
"တောက် တောက်
"မမ ဧည့်ခန်းရောက်နေလို့ လွှတ်လိုက်ရမလားဟင် appointment တော့ မယူထားဘူးပြောတယ်"
"ဟုတ်သလား ရပါတယ် အလုပ်လည်းနည်းနည်းပါးနေပြီးပဲ တွေ့လိုက်မယ်"
-------
"အို.... မောင်"
"ကျွန်မသိပ်လွမ်းနေခဲ့တာ ညနေတောင် မောင်ဆီ လာတော့မလို့... မ ပစ်ထားတာများသွားလို့ မောင်စိတ်ပျက်သွားသလားဟင် ခုတော့ အားပြီမို့ မောင့်ကိုအချိန်ပေးတော့မှာမို့ စိတ်မဆိုးပါနဲ့နော်...မ တောင်းပန်ပါတယ်နော်..."

"ရေသောက်ပါဦး မောင့်သက်ထားရေ... မောနေရော့မယ် မောင် စိတ်မဆိုးပါဘူး ဘာလို့ တစ်ယောက်ထဲ အတွေးတွေလွန်ပြီး စကားတွေ အဆက်မပြတ်ပြောနေရတာလည်း ပင်ပန်းနေရော့မယ်"
"ခုရော နေ့လည်စာစားပြီးပြီလား မောင် စောစောထွက်လာပေမယ့် လမ်းမှာ မီးပွိုင့်တွေ ပျက်တော့ လမ်းပိတ်နေလို့ပါ"
"နောက်ကျသွားလားဟင်"

"ဟင်းအင်း"
"မ ဘာမှ မစားရသေးဘူး မောင့်ဆီလာဖို့ တာဆူနေတာနဲ့ ဗိုက်လည်းမဆာမိပါဘူး"

"ဒီလိုလုပ်လို့ ဖြစ်မလားဗျ ကျန်းမာရေးထိခိုက်ရင် မောင်ရင်ကျိုးမှာပေါ့ အစာတော့ ပုံမှန်စားရမယ်လေနော်"

"ပုံမှန်စားစေချင်ရင် မောင်လာကျွေးပေါ့"

"ကဲ... မောင့်ကလေးလေးနဲ့တော့ အချွဲပိုပြီ ဒါဆိုလည်း အခု‌ စားရအောင် မောင်ဟင်းတွေချက်လာတယ် ထမင်းတူတူစားရအောင်နော်"

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now