Part-2

927 37 0
                                    

သူမနဲ့ကျွန်တော် ချစ်သူ သက်တမ်း တစ်နှစ်ပြည့်ပြီလေ တခါတလေ ကတောက်ကဆ ဖြစ်တတ်တာကလွဲ အကြီးအကျယ် ရန်ဖြစ်တာမျိုး မရှိခဲ့ဘူးပါ။
မရှိခဲ့ဖူးဘူးဆိုတာထပ် သူမ စိတ်ဆိုးအောင် သူမ မကြိုက်တာမျိုး ကျွန်တော်မလုပ်မိအောင်နေခဲ့တာမျိုးပေါ့...အဲ့လိုပဲ သူမကလည်း ကျွန်တော်မနှစ်သက်တဲ့အရာမျိုးဆို ရှေ့ဆက်မတိုးဘဲ ထိန်းပေးခဲ့တယ်။ ဒါတွေကပဲ ကျွန်တော်တို့နှစ်ယောက် ဆက်ဆံရေးလေး တည်မြဲစေခဲ့တာမဟုတ်လား...
ကျွန်တော်ရော် သူမရော် လိုချင်တဲ့ အေးချမ်းတဲ့ လက်တွဲဖော်လေး ဖြစ်ပေးတာက အချစ်ရဲ့ ပြီးပြည့်စုံခြင်းတွေပေါ့...

ဒါပေမယ့် တချို့အရာတွေကြောင့် ဆုံးရှုံးသွားမှာစိုးတဲ့စိတ်က ဆောက်တည်ရာမရလောက်အောင်ထိဖြစ်သွားနိုင်ခဲ့သည်။
"မ"...
"မောင်တို့ မနက်ဖန် အပြင်သွားကြမယ်နော် မ ဘယ်သွားချင်လည်း နောက်ပြီး ဘာစားချင်လည်း စဉ်းစားထားနော်...."

"အင်း...ဒါဆို မနက် မောင့်ကို မလာကြိုလိုက်မယ်နော် ပြီးမှ သွားမယ့်နေရာ တခုချင်း အေးဆေးသွားကြတာပေါ့"

"ဒါဆို မောင်ပြန်တော့မယ်နော် မ 'အများကြီးချစ်တယ်နော် မောင့်သက်ထားလေး' အိမ်ရောက်တာနဲ့ ဖုန်းဆက်လိုက်မယ် bye"

"‌ဆိုင်ကယ်ဖြေးဖြေးမောင်းနော် မောင်; မောင့်ဖုန်းခေါ်သံလေး စောင့်နေပါ့မယ် 'မောင့်ထပ်ပိုချစ်တာ သိထားပေး' bye bye"
ပြောရင်း ကျွန်မနှုတ်ခမ်းလေးကို မောင့်နှုတ်ခမ်းလေး လာထပ်ရင်း နှုတ်ဆက်သွားတယ်။ အဲ့လိုပါဆို ကျွန်မသိပ်ချစ်ရတဲ့ အဲ့လူသားသေးသေးလေးက ကျွန်မ ရင်ခုန်သံမြန်စေဖို့ တတ်နိုင်တဲ့တစ်ယောက်သောသူပဲ တနည်းအားဖြင့် ကျွန်မ အဆုံးရှုံးမခံနိုင်တဲ့ တိမ်စိုင်လေးပေါ့....

တစ်နှစ်ပြည့် anniversary နေ့မှာ မောင်နဲ့ ကျွန်မ အရင်လိုပဲ ကော်ဖီဆိုင်လေးမှာ date ပြီး လိုချင်တဲ့စာအုပ်တွေဝယ်ပြီး ပြန်လာခဲ့ကြသည်။
ကျွန်မကတော့ စာအုပ်ကို ကိုယ်တိုင်ဖတ်တာထပ် မောင်ဖတ်ပြတာကိုပဲ မောင်ပေါင်ပေါ် အိပ်ရင်း နားထောင်ရတာ ပိုကြိုက်နှစ်သက်ခဲ့သည်။
စာရေးစာဖတ်ဝါသနာပါတဲ့ မောင်က ကဗျာတွေ ဝတ္ထုတွေ ဖတ်ပြရင် အသံနေ အသံထား အမျိုးမျိုးနဲ့ ဖတ်ပြတတ်တော့ ကျွန်မ စွဲလမ်းမိတာလည်း ကျွန်မ အလွန်တော့မဟုတ်ဘူးမလား...
ကျွန်မ ထိုလူသားလေးကို သိပ်ချစ်မိသွားပြီထင်ပါရဲ့ အချိန်တွေ ဘယ်လောက်ကြာကြာ မောင်ကိုတွေ့ရင် ဘယ်ဘက်ရင်ဘတ်က အကောင်လေး အမြဲပျံသန်းတတ်တုန်း
မောင့်လက်သေးသေးလေးနဲ့ရေးပေးတဲ့ ကဗျာလေးတွေ မြတ်နိုးမိတုန်း
မောင်မကျွမ်းကျင်ဘဲ တီးပြတတ်တဲ့ key ကြောင်ကြောင် guitar သံလေး အမြဲနားထောင်ချင်မိတုန်းပဲ
ကျွန်မ မောင့်ကို ဆုံးရှုံးရရင် ကျွန်မ အသက်ရှူသံတွေ ရပ်တန့်သွားလိမ့်မည်။

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now