အပိုင်း ၁

17.5K 172 0
                                    

......ဂျိန်း.. ဂျိန်း........

အပြင်မှာမိုးတွေရွာနေသလို
ယိမ်းရင်ထဲမှာလဲ ဗလောင်ဆူနေသည်.....
မာမီ့.. ကိုယ်လုံးလေးကိုကွယ်ကာရပ်နေသော
ယိမ်းထက် ၃နှစ်ငယ်သည့်
ထိုကလေးကို အမုန်းမျက်ဝန်းတောက်တောက်တို့ဖြင့်သာ စူးစူးရဲရဲကြည့်နေမိသည်....

       "မာမီ....ယိမ်းလုံးဝသဘောမတူဘူးနော်....
သူ့ကိုပြန်ပို့လိုက်....
  
           "သမီး...ယိမ်း....ဒီကလေးလေးကို
မာမီ တို့မွေးစားမယ်လို့ပြောပြီးပြီလေ......
နောက်ဆိုမာန်လေးက သမီး မောင်လေးပဲ.....

           "အို....ယိမ်းမှာဘာမောင်လေးမှမရှိဘူးမာမီ...
ပြီးတော့ဘယ်ကပေါက်မှန်းမသိတဲ့.....ဒီကလေးကို
ယိမ်းမောင်လေးအဖြစ်မသတ်မှတ်နိုင်ပါဘူး.....       

       "တော်တော့ အပေါ်တတ်တော့ယိမ်း...သွား...
မာမီ စိတ်တိုနေပြီ.....

ဒေါ်မူယာယိမ်း ငိုယိုပြီး အိမ်ပေါ်တတ်သွားတဲ့
သမီးဖြစ်သူကိုကြည့်ကာ သက်ပြင်းချလိုက်သည်..
လွန်ခဲ့တဲ့တစ်နာရီလောက်ထဲက
မာန်လေးကို သားအဖြစ်မွေးစားမဲ့ကိစ္စ
သမီးယိမ်းကို ဘယ်လိုနားချချမရတာမို့
စိတ်တိုကာ အော်လိုက်မိခြင်း.....
ဘေးကနေ သူမကိုမျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့
စိုက်ကြည့်နေတဲ့သနားစရာ
ကလေးလေးကိုကြည့်ကာ....

         "ကို.... မူယာတို့ဘယ်လိုလုပ်ကြမလဲ....
သမီးလေးက.....

ဦးတတ်လူ မိန်းမဖြစ်သူရဲ့ပုခုံးလေးကိုကိုင်ကာ...
 
         "သမီးကလိမ်မာပါတယ် မူယာ...
တဖြည်းဖြည်း နားလည်လာမှာပါ...ပြီးတော့...
မူယာလဲ ဒီကလေးကိုသားတစ်ယောက်လိုချစ်မိနေတာမလား.....

ဒေါ်မူယာ ခင်ပွန်းဖြစ်သူစကားသံမဆုံးခင်
ခေါင်းငြိမ့်လိုက်မိသည်....

ဦးတတ်လူ ထိုကလေးခေါင်းကိုခပ်ဖွဖွပုတ်ကာ...
ပြုံးလိုက်သည်....မူယာချစ်တာလဲမမှား....
တခြားကလေးတွေနဲ့မတူစွာထိုကလေးလေးက...
ရုပ်ကလေးသန့်ပြန့်နေပြီး....
အသက်နှင့် မလိုက်အောင် တည်တည်ငြိမ်ငြိမ်လေးပင်... 

တစ်လတစ်ခါ မိဘမဲ့ ဂေဟာကို
ဆန်ဆီဆား လှူနေကြဖြစ်တာမို့...
ဦးတတ်လူ နဲ့ဒေါ်မူယာယိမ်းတို့....
ဒီလအတွက်သွားလှူကြသည်.....
အမှတ်မထင်...ကလေးတွေကြားထဲ
သန့်သန့်ပြန့်ပြန့်ရုပ်ရည်လေးနဲ့
ထိုကလေးကို မြင်မြင်ချင်း သားလိုချစ်မိတာမို့
ဂေဟာကဘုန်းဘုန်းထံ မေးကြည့်မိတော့
ထိုကလေးလေးမိဘတွေက
ရှေ့အပတ်ထဲတင် ကားမတော်တဆမှုဖြင့်ဆုံးပါးပြီး
ဆွေမျိုးမရှိမို့ဂေဟာမှာရောက်လာတာဖြစ်ကြောင်း
သိလိုက်ရသည်....
အစထဲက သားယောကျ်ားလေး
အရူးအမူးလိုချင်နေတဲ့သူတို့လင်မယားမှာ
နှစ်ခါပင်တိုင်ပင်စရာမလို...ချက်ချင်း
ထိုကလေးလေးကို..
ဘုန်းဘုန်းထံ လျှောက်ကာ...အမွေစားအမွေခံ
မွေးစားရန်ခေါ်လာခြင်းဖြစ်သည်....

❤မောင့်အရိုင်းပန်း❤ 🚨🚨🚨Where stories live. Discover now