တစ်နေ့ပြီးတစ်နေ့ကုန်လာသလို.....
ယိမ်းရဲ့ကိုယ်ဝန်လက္ခဏာတွေ..
သိသိသာသာဖြစ်လာသည်......
တခေတ်မာန် ယိမ်းနဲ့
အခြေအတင်ဖြစ်ကတည်းက...မာန် ယိမ်းကို
အဝေးကနေအရိပ်လိုစောင့်ကြည့်နေတတ်သည်....မာန်...ဂါဝန်အသားရောင်လေးနဲ့...
သိပ်လှနေတဲ့မမကို အဝေးကနေကြည့်ရင်း
သက်ပြင်းခိုးချလိုက်မိသည်...
တခြားကြင်စဦးဇနီးမောင်နှံတွေလို...
မိန်းမက ကိုယ်ဝန်ရှိရင်ယောကျ်ားက...
ဗိုက်ကလေးကိုကိုင်ကာ...
ပျော်ရတဲ့အပျော်မျိုး မာန့်မှာဘာတစ်ခုမှမရ....
ကလေးကိုမမတစ်ခုခု လုပ်မပစ်တာပင်...
မာန်ကျေနပ်နေရသည်.....မာန်....လက်ထဲကဆေးဗူးလေးကိုင်ကာ..
ယိမ်းနားသွားလိုက်သည်....."မမ....ဒီဆေးသောက်ရအောင်....
ယိမ်း မာန့်လက်ထဲကဆေးဘူးကို တစ်ချက်
ကြည့်ကာ...."မလိုဘူး.....
"မမဘယ်လိုဖြစ်နေတာလဲ....
ဒီဆေးသောက်ထားမှကလေးက...
ကိုယ်လက်အင်္ဂါစုံပြီး ဉာဏ်ကောင်းမှာ.....ယိမ်းအကဲပိုတဲ့မာန့်ကို...
မဲ့ပြုံးပြုံးကာ...."တို့က မလိုဘူးဆို...မလိုဘူးပေါ့
တခေတ်မာန်....တို့ဒီကလေးကို....
မဖျက်ချပဲမွေးတာတောင်များလှနေပြီ...."မမ....တော်တော့....ဗျာ....
မာန်...ဆေးတိုက်ဖို့လက်လျော့ကာ...
ပြန်လှည့်လာလိုက်သည်....
မမရဲ့ရင့်သီးလှတဲ့ စကားလုံးတွေအောက်...
ကြာလေကြာလေ မာန့်မှာခံနိုင်ရည်မရှိတော့ချေ...ယိမ်း....အမှန်တကယ်တော့...
ကိုယ်ပိုင် Ogနဲ့ အားလုံးအပ်ပြီး ပြီဖြစ်သလို...
ယိမ်းဆေးတွေသေချာ သောက်ပြီး..
ယိမ်းကိုယ်တိုင်ကိုယ်ဝန်ကို....
သေချာဂရုစိုက်ပြီးနေသည်...-----------------------------------------
ခုဆိုရင် ယိမ်းရဲ့ကိုယ်ဝန်က...
7ပတ်ထဲဝင်နေပြီဖြစ်သလို....
ဗိုက်ကလေးဟာလဲထမင်းစားထားသလို...
လုံးလုံးလေးမျှပေါ်နေသည်....တခေတ်မာန် က ကုမဏီသွားရင်တောင်...
လိုက်စောင့်နေသလို...
အိမ်မှာဆိုရင်လဲမျက်စိအောက်ကအပျောက်မခံ....
ယိမ်းမှာ သူ့ကိုဘယ်လိုခွာထုတ်ထုတ်...
ကလေးကိုအကြောင်းပြကာ...
တောက်တဲ့လိုကပ်တွယ်နေသည်.....
YOU ARE READING
❤မောင့်အရိုင်းပန်း❤ 🚨🚨🚨
Romance"....လွှတ်စမ်း.....ငါ့မိဘတွေ မင်းကိုမွေးစားခဲ့တာ....ငါ့ကိုအခုလို ဆက်ဆံဖို့မဟုတ်ဘူး တခေတ်မာန်..... မင်းက သိပ်ရွံဖို့ကောင်းတဲ့အောက်တန်းစားကောင်.... "နွဲ့ယိမ်းပျို........ "မမ ရုန်းနေလဲအပိုပဲ.... မောင်တ...