အပိုင်း ၁၂

4.8K 86 10
                                    

     "ဗျာ........ဒါဆို....မမမှာ....

ဘာမှ မထွက်သေးတဲ့မမ ဗိုက်ချပ်ချပ်လေးမှာ....
သူ့ရင်သွေးလေးရှိနေပြီတဲ့......
သွေးသားဆိုတဲ့အသိက....မာန့်ရင်ထဲ
ကြည်နူးမှုအပြည့်....

ငြိမ်သက်နေဆဲ ဖြစ်တဲ့မမလက်ကလေးကိုကိုင်ကာ...
ခပ်ဖွဖွနမ်းလိုက်သည်....ပြီးမှ..
ဘေးဘက်ကိုတစ်ချက်ကြည့်ကာ....

        "ကြီးယု....မမကို ကိုယ်ဝန်ကိစ္စ
မပြောသေးပါနဲ့....

        "အေးပါကွယ် အေးပါ ကြီးယုမပြောပါဘူး....

         "ကြီးယု သွားနားချင်သွားနားပါ....
ကျွန်တော် မမကိုစောင့်လိုက်မယ်....

         "အာ့ဆို...ကြီးယုအောက်ဆင်းတော့မယ်...
လိုအပ်ရင် ကြီးယုကိုလှမ်းခေါ်လိုက်နော်....

          "ဟုတ်ကဲ့.....

ဟူး....မမရယ် မြန်မြန်သတိရပါတော့....
မောင်ရင်တွေပူလှပြီ......

မာမီ့ ရက်လည်ပြီးထဲက သူကိုယ်တိုင်လဲ
ပင်ပန်းနေတာမလို့..... မမကို ရင်ခွင်ထဲဆွဲသွင်းရင်းသူပါ ဘေးနားလှဲလိုက်သည်....
မာန်မမ ကိုယ်လုံးလေး ကို ဖက်ထားရက်လေးပင်...
အိပ်ပျော်သွားသည်မှာ မည်မျှကြာသည်မသိ.......

ရင်ခွင်ထဲ လှုပ်စိလှုပ်စိအငြိမ်မနေ....
သူ့ကိုယ်လုံးကြီးကို လက်သွယ်သွယ်လေးတွေနဲ့
အတင်းတွန်းနေတဲ့မမ.....မာန် နိုးလာတော့....
မမကဒေါသမျက်ဝန်းလေးတွေနဲ့သူ့ရင်ခွင်ထဲကနေ...
စူးစိုက်ကြည့်နေလေရဲ့....

      "ဟွန်း...မမ.....သက်သာပြီလား.....
မမ ထမင်းမစားတာ ၂ရက်ရှိပြီဆို.....
လာ...မောင်နဲ့အတူ ထမင်းစားရအောင်.....

မာန် ထမင်းမစားတာ၂ရက်ပင်ရှိနေပြီဖြစ်တဲ့...
မမကိုစိုးရိမ်စွာပြောလိုက်သည်....

ယိမ်း.ကုတင်....အနီးနားကပန်းထိုးထားတဲ့ပန်းအိုးကို
ယူကာ.,,မာန့်ခေါင်း ကိုရိုက်ချလိုက်သည်...

            "ခွပ်.....

အရှိန်ပြင်းပြင်း ခေါင်းကိုရိုက်ခံလိုက်ရတာမို့
မာန့်...မျက်နှာပေါ်သွေးတွေစီးကျလာသည်.....

             "ထွက်သွား......
နင့်မျက်နှာကိုငါမမြင်ချင်ဘူး....
နင်ကငါ့အတွက်ဂြိုလ်ဆိုးပဲတခေတ်မာန်...
နင့်ကိုငါအရမ်းမုန်းတယ်....ဟင့်.....

❤မောင့်အရိုင်းပန်း❤ 🚨🚨🚨Where stories live. Discover now