အပိုင်း ၉🚨+

10.6K 123 14
                                    

    "ဟင့်....ဂျောက်....

မာန် ကားတံခါးကိုဆွဲဖွင့်ကာ...
ယိမ်းရဲ့တစ်ကိုယ်လုံးကို....
စိုက်ကြည့်ပစ်လိုက်သည်....ပြီးမှ
သွေးချင်းရဲနေသည့်သူ့လက်တွေနဲ့....
ယိမ်းရဲ့ ပါးကမျက်ရည်တွေကိုသုတ်ပေးကာ....

             "ဘာမှမဖြစ်ဘူး မလား.....

ယိမ်း.... သူမနား ကပ်လားတဲ့....
တခေတ်မာန်ပုံရိပ်ကို....ဝိုးတိုးဝါးတားသာ
မြင်တော့သလို... လူကလဲ.....
ခွေကျသွားရသည်.....

            "ဟွန်း.....
မာန် လန့်ပြီးသတိလစ်သွားတဲ့.....
မမရဲ့ ကိုယ်လုံးလေးကိုပွေ့ချီကာ
ကား တစ်ဖက်ခုံမှာချထားလိုက်သည်....

ချစ်ရတဲ့မမရဲ့မျက်နှာလေးကိုကြည့်ကာ...
ကားခုံလေးကိုနောက်သိုလှန်ချပြီး
မမခန္ဓာကိုယ်လေးသက်တောင့်သက်သာ
ဖြစ်သွားအောင်ပြင်ပေးလိုက်သည်....

              "ဟက်.....ချစ်ဖို့ကောင်းလိုက်တာ..

မာန်ခုထိသတိမရသေးမမကို
မျက်နှာလေးအနှံနမ်းရှိုက်ပြီး...
နုတ်ခမ်းဖူးဖူးလေးကိုတော့ရှည်ကြာစွာနမ်းရှိုက်လိုက်သည်....

မာန်ကားကို နာရီဝက်လောက်မောင်းပြီးဖြစ်သလို..ဘေးနားက မမကတော့သတိပင်ပြန်မရသေးပေ.....
လက်ကနာရီကိုငုံ့ကြည့်ကာပြုံးလိုက်သည်....
ရောက်ဖို့လဲသိပ်မလိုတော့တာမို့....
နီးစပ်ရာကုန်တိုက်တစ်ခုကိုဝင်ကာ....
မမနဲ့သူ့အတွက်လိုအပ်တာတွေဝယ်လာလိုက်သည်.....

----------------------------------
ကျယ်ဝန်းတဲ့ခြံကြီးထဲကိုရောက်တာနဲ့...
မာန်ကားပေါ်က မမကိုပွေ့ချီကာ....
အိမ်ပေါ်ထပ်ကိုတစ်လှမ်းချင်းတတ်လာလိုက်သည်.....
ဒီအိမ်က မာန့်မိဘတွေဆီကရတဲ့အမွေဖြစ်သလို
မာန်ငယ်ငယ်ထဲကနေခဲ့တဲ့အိမ်မို့.....
ခြံကျယ်ဝန်းကျယ်ဖြစ်သည်.....

----ဂျောက်......

             "မမ....ဒါ...မောင်တို့ရဲ့အချစ်အိမ်လေးလေ...
.
သတိလစ်နေဆဲဖြစ်တဲ့ယိမ်းရဲ့ခန္ဓာကိုယ်လေးကို...
မွေ့ယာပေါ်အသာအယာချလိုက်တဲ့မာန်....
ည၇နာရီထိုးနေပြီမို့....
မမနိုးလာရင်စားဖို့ပြင်ဆင်ရန်ဆင်းလာလိုက်သည်..

ရေခဲသေတ္တာထဲကိုသူခုနကဝယ်လာတဲ့
စားစရာတချို့က်ုသိမ်းဆည်းပြီး...
ကြက်သားအနည်းငယ်ထုတ်လိုက်သည်....

❤မောင့်အရိုင်းပန်း❤ 🚨🚨🚨Where stories live. Discover now