အပိုင်း ၁၄

4.8K 88 17
                                    

ယိမ်း မပူသေးတဲ့ချပ်ချပ်ရပ်ရပ် ဗိုက်ကလေးကို
ကိုင်ကာ...အတွေးတွေနယ်ချဲ့မိပြန်သည်.....
ယိမ်းကိုယ်တိုင်တောင်... ဒီအချုပ်အနှောင်ထဲက
လွတ်ဖို့ကြိုးစားနေတာ...
ဘာကြောင့်များယိမ်းဗိုက်ထဲဝင်စားရတာလဲ....
ကံဆိုးလိုက်တာ......ကလေးလေးရယ်....

        "ဒေါက်....ဒေါက်....ဒေါက်.....

မမ ဘာလုပ်နေတာလဲ ကြာနေပြီ...
ထွက်ခဲ့တော့....

ယိမ်း...ကျလုဆဲဆဲမျက်ရည်တွေကို
မျက်တောင်ရှည်တွေနဲ့ ပုတ်ခတ်ပုတ်ခက်လုပ်ကာ....
ရေချိုးခန်းထဲကထွက်လာလိုက်သည်.....

            "ကျွတ်....မမကြာနေလို့
မောင်က ဘာများဖြစ်နေတာလဲလို့
စိတ်ပူနေတာ....

ယိမ်း သူ့ကိုဂရုမစိုက်စွာ
လှည့်ထွက်ဖို့ပြင်တော့...
မာန်  ယိမ်းလက်လေးကိုလှမ်းဆွဲလိုက်သည်....

            "မမနေမကောင်းဘူးလား.......

                   "လွှတ်....မင်းငါ့ကို
ဆွဲလားရမ်းလားမလုပ်နဲ့ တခေတ်မာန်....

             "မောင်က ကို့မိန်းမကိုစိတ်ပူလို့ကို
မမနော်  မောင့်ကိုနဲနဲပါးပါးလေးစားအုံး.....
မောင်ကမမရဲ့ အိမ်ဦးနတ်ဗျ

                   "မင်းဘာမင်း ဘာနတ်ဖြစ်ဖြစ်....
စိတ်မဝင်စားဘူး.....ဖယ်ရှေ့က....

မာန်တော်တော်စိတ်ဆိုးနေပုံရတဲ့မကြောင့်
မျက်ခုံးလေးပင့်တတ်သွားရသည်....
ဟွန်း...စိတ်ကြီးတဲ့မမကို
ချစ်တတ်အောင်သင်ပေးရတာ...
အတော်ခက်တာပဲဗျာ..

.><><><><><><><><><><><>>><>

တနေကုန်လူက မူးနောက်နေသလို....
နေလို့ထိုင်လို့ပင်မကောင်း....
ယိမ်း လက်ထဲကဆေးစာအုပ်လေးကိုကိုင်ကာ
ထိုင်စောင့်နေမိသည်.......

" မြတ်မြင့်မိုရ်....ဆေးခန်း...."

ယိမ်း တခေတ်မာန် ကိုဘယ်လောက်မုန်းမုန်း
ကလေးကိုတော့ ဖျက်ချပစ်ဖို့စိတ်ကူး
လုံးဝမရှိချေ.....ဒါကြောင့်မို့လဲ
ခုကိုယ်ပိုင် OG အပ်ဖို့လာခဲ့တာ....

     "မနွဲ့ယိမ်းပျို....ဝင်လို့ရပြီနော်....

nurse ရဲ့ခေါ်သံအဆုံးယိမ်းကိုယ်လေး
တောင့်တင်းသွားရသည်....

❤မောင့်အရိုင်းပန်း❤ 🚨🚨🚨Where stories live. Discover now