အပိုင်း ၈

5.1K 94 5
                                    

     "ရှာမနေနဲ့....မာမီပြန်မရောက်သေးဘူး.....

အရမ်းကိုလွမ်းနေတဲ့....မမမျက်နှာလေး
အပါအဝင်....ရင်းနှီးဖူးသည့်တစ်ကိုယ်လုံးကိုပါ
စိုက်ကြည့်ပစ်လိုက်သည်......

              "ဟင်..  မင်း....ဒါဆို....

ယိမ်းစကားပင်မဆုံးလိုက်....
မျက်ခုံးတစ်ဖက်ပင့်ကာ....
သူမနားနားကိုကပ်ပြီး...

              "မောင်မမကို လိမ်ခေါ်တာ....

ယိမ်း ဒေါသကြောင့်....
မျက်နှာလေးနီရဲလာကာ....

             "မင်း ယုတ်မာလှချည်လား တခေတ်မာန်...
မင်း ယုတ်မာလှချည်လား...

ရင်ဘက်ကိုလက်သေးသေးလေးတွေနဲ့
ထုရိုက်နေတာမို့...သူ့အတွက်တော့ပန်းနဲ့ပေါက်သည့်အလား.... မာန် ယိမ်းရဲ့လက်ကလေးကို
ဖမ်းကိုင်ကာ....

                "တော်တော့မမ....
မမ မောင့်ရင်ထဲကထွက်မသွားဖို့ဆို....
ဒီထက်မကလဲယုတ်မာတတ်တယ်.....

           "ဟင့်.....

နောက်ဆုံးတော့ သူမပဲမှားတာ.....
မာမီ့စိတ်ကြောင့်......စိတ်တွေထူပူပြီး
ဘာမှမတွေးခဲ့တဲ့သူမပဲမှားတာ......

              ".....ရွှတ်....

မာန်ပြောလဲပြောမမ ပါးလေးကိုရွှတ်ခနဲ့နမ်းလိုက်သည်.....

       " ငါဘာတွေများ မှားခဲ့လို့လဲ တခေတ်မာန်....
ဟမ်....ငါ မင်းကိုမုန်းခဲ့ပင်မဲ့...ဘာတစ်ခုမှမင်းထိခိုက်အောင်....ဆိုးဆိုးရွားရွားမလုပ်ခဲ့ပါဘူး....ငါဘာတွေမှားလို့....ခုလို ငါ့ကို စိတ်ဒုက္ခပေးနေရတာလဲ.....ဟင့်...

ပြောရင်း အသံလေးတွေတိမ်ဝင်သွားကာ...
ငိုရှိုက်နေတာမို့ မာန်ရင်ထဲမကောင်း....
အမှန်တော့ မမ မမှားပါဘူး....
မမ မရှိရင်မဖြစ်လေ တော့တဲ့ မောင်ကသာ...
အမှားတွေကျူးလွန်နေမိတာ.....

ယိမ်းပါးပြင်ပေါ်က မျက်ရည်တွေကို ညှင်ညှင်သာသာ သုတ်ပေးကာ.....

                "မောင်က ချစ်လို့လေ....

သူများတွေအတွက်တော့ နားထောင်လို့
ကောင်းရင်ကောင်းလိမ့်မယ် ယိမ်းအတွက်တော့....
အာ့စကားလေးလုံးက အကျဥ်းထောင်ထက်မပို....
မာမီ့ကျန်းမာရေးနဲ့တောင် လိမ်ခေါ်ရဲတာမို့
ယိမ်း သူ့ကိုပိုရွံမိသည်....

❤မောင့်အရိုင်းပန်း❤ 🚨🚨🚨Where stories live. Discover now