အပိုင်း ၂

6.1K 93 4
                                    

မာန်.... ထမင်းစားခန်းထဲဝင်လာတော့.....
ဖုန်းကြည့်ရင်းမနက်စာစားနေတဲ့မမကို တွေ့လိုက်ရသည်.....
မမက သူဝင်လာတာသိပုံတောင်မပေါ်....
ဆံနွယ်တွေကိုကပိုကယိုစီးထားကာ...
ပြောင်ရှင်းနေတဲ့မျက်နှာလေးက ဖွေးဥကြည်လင်နေသည်.....
မာန်မမကို သတိလတ်လွတ်ငေးနေရင်း.....

          "....သားမာန်....မနက်စာစားတော့မလား....
ကြီးယုပြင်လိုက်မယ်.....

  ယိမ်း ကြီးယုစကားကြောင့်မော့ကြည့်လိုက်တော့... 
မိုးပြာရောင်နုနု ရှပ်အကျီကို စတိုင်ဘောင်းဘီ နဲ့တွဲကာ...
ဝတ်ဆင်ထားတဲ့တခေတ်မာန်......
မတွေ့ရတဲ့အတောအတွင်းမှာ
သူမထက်ပင်အရပ်အတော်ရှည်နေပြီဖြစ်သည်....
ယိမ်းနုတ်ခမ်းလေးကိုမဲ့လိုက်ကာ....

              "ကြီးယု....ယိမ်း ဝပြီ......

မာန်သူ့ကိုမမြင်ချင်လို့ရှောင်ထွက်သွားတဲ့မမကို....
ငေးကြည့်နေမိသည်....

              "သား စားတော့မလား....

               "တော်ပြီကြီးယု....ကျွန်တော်လဲအပြင်သွားမှာမို့လို့.....

                   "အော်အေးအေး....ဖြေးဖြေးသွားနော်သား...

                "ဟုတ်ကဲ့....မာမီနိုးရင်လဲပြောပေးထားပါ
ကြီးယု....ကျွန်တော်သူငယ်ချင်းတွေနဲ့သွားတွေ့တယ်လို့...

          "အင်း....ကြီးယု ပြောထားပေးမယ်နော်...

မာန်ခေါင်းငြိမ့်ရင်း ဆိုင်ကယ်သော့လေးကို
ဝေ့ယမ်းကာထွက်လာလိုက်သည်....

*********************************

ကန်ဘောင်မှာ
ဆိုင်ထိုင်နေတဲ့မာန်တို့သူငယ်ချင်းတစ်စု......

          "ယျောင့် ခေတ်မာန်.....ဟိုမှာမင်းမမလားလို့....

မာန်လှမ်းကြည့်လိုက်တော့....
ကားအဖြူရောင်ပေါ်ကဆင်းလာတဲ့မမ....
မာန်ကြည့်ရင်းမျက်မှောင်ကျုံ့လိုက်သည်....
မမဝတ်ထားတာတအားမရိုင်းပင်မဲ့...
မာန့်စိတ်ထဲ ဘဝင်မကျ.....
ပိုဆိုးသည်မမ ဘေးမှာပါလာတဲ့ကောင်...
အာ့ကောင်နဲ့မမ ဟိုနေ့ကရယ်ရယ်မောမောခြံထဲမှာစကားပြောနေတဲ့ပုံကို မျက်စိထဲ ပြန်မြင်လာတော့ ပြေးထိုးချင်စိတ်ကတဖွားဖွား.....
မမကတော့သူ့ကိုမြင်ပုံမပေါ်....

❤မောင့်အရိုင်းပန်း❤ 🚨🚨🚨Where stories live. Discover now