အပိုင်း ၇

5.1K 168 4
                                    

ယိမ်း....ကားမှန်ကနေတစ်ဆင့်....
အပြင်ကို ငေးကြည့်နေမိသည်.....
ဖြစ်ခဲ့သမျှအရာအားလုံးကို....
ကျောခိုင်းကာ လှည့်ထွက်လာပြီမို့....
ဖုန်းလေးကိုစက်ပိတ်ထားလိုက်သည်.....
ကိုနဲ့ပက်သက်သမျှကို တွေးမိပြန်တော့....
ရင်ထဲ နာကျင်ရပြန်သည်.....
ဘယ်တတ်နိုင်မလဲ....ယိမ်းဘဝက...
ကိုနဲ့မှမထိုက်တန်တော့တာ.....

ကားက ရှမ်းပြည်ထဲစတင်ဝင်ရောက်လာသလို...
ရာသီဥတုအေးစိမ့်စိမ့်က.....ယိမ်း ရင်ထဲက
အပူမီးတွေကိုတော့ မငြိမ်းသက်နိုင်.....
ကုမဏီကနေ ကားငှားကာ....
တောင်ငူထိ ငှားစီးပြီး..
တောင်ငူမြို့ရောက်မှ express ကားစီးသည်မို့...
တခေတ်မာန်ဘယ်လိုမှ သူမကိုရှာမတွေ့နိုင်.....
မာမီမလာခင် ထွက်သွားချင်တာမို့သာ....
အလောတကြီးထွက်လာရတာ....
ယိမ်းမှာ အဝတ်အစားအနည်းငယ်နဲ့...
လက်ဝတ်လက်စား မဆိုစလောက်သာပါသည်.....
တမာ့ကိုလဲ ကြိုပြောထားပြီးသားမို့....
စိတ်အနည်းငယ်တော့သက်သာရာရသည်.....

အိတ်ထဲအသင့်ပါလာတဲ့....
သံပုရာသီး လေးကိုလိမ့်ကာ.....
နှာခေါင်းနားတေ့ပြီးရှုရှိုက်လိုက်သည်...
ဒီနေ့ကစပြီး ယိမ်းဟာ ဘဝသစ်နဲ့ရှင်သန်မည့်သူ.....

><><><><><><><<><>><><><><><><><
မာန် အလုပ်တွေပြီးလို့ မမကို
ကုမဏီသွားကြိုတော့ မမက ရှိမနေ....
မမအတွင်းရေးမှူးကို မေးကြည့်လိုက်မှ မမက....
အစောကြီး ကတည်းက ရုံးမဆင်းခင်...
လွန်ခဲ့တဲ့ ၄နာရီလောက်ကပဲထွက်သွားသည်တဲ့....
လူကပူထူသွားသလို....
ဒေါသကြောင့် သွေးတွေပင် ပြောင်းပြန်စီးချင်နေသည်..
သိပ်ချစ်ရတဲ့ မမကိုတော့ ဒေါသမထွက်ရက်...
အလုပ်ကိုမပြီးမစီးနိုင်အောင်....
ရစ်နေတဲ့ ဘိုးတော်ကိုသာ စိတ်ထဲ ကျိန်ဆဲနေမိသည်...

           "မရဘူး မမ....မောင့်ကို
ဒီလိုတစ်ယောက်ထဲ ထားသွားလို့မရဘူး.....

ချက်ချင်း ကားဂိတ်တွေတစ်ခုမကျန်
လိုက်မေးသလို....
မမ သွားလောက်မည့်နေရာတွေကို...
လိုက်ရှာသည်.....

မာန် စိတ်ရှုပ်စွာ လက်တွေကို...
ဆံပင်ကြားထဲထိုးဖွလိုက်သည်.....

သူ့ရဲ့...."ကျွန်တော့်မိန်းမစိတ်ဆိုးပြီး
ထွက်သွားလို့ပါဗျာ ကူညီပေးပါအုံးဗျာ"ဆိုတဲ့
စကားအောက်မှာ...ကားဂိတ်ကလူတွေလဲ...
နာမည်တွေပါစစ်ပြီးကြည့်ပေးပင်မဲ့....
မမနာမည်မပါသလို....ဓာတ်ပုံလေးပြကာမေးပြန်တော့လဲ....ဘယ်expressမှာမှ မပါသွားဘူးတဲ့....

❤မောင့်အရိုင်းပန်း❤ 🚨🚨🚨Où les histoires vivent. Découvrez maintenant