Ch1.3 Rebirth

1.8K 210 0
                                    


Unicode

ညီငယ်တွေသည်ကြမ်းပေါ်မှာပုံကျနေတဲ့ရွှမ်အန်းကိုအြကမ်းပတမ်းကောက်ယူပြီးဆွဲထုတ်သွားလေသည်။ ဝူရုန်သည် ရွှမ်အန်း၏ မဝံ့မရဲ အကြည့်များ ကို လျစ်လျူရူလိုက် ပြီးနောက် တာအိုဘုန်းကြီးဆီသို့ အကြည့်ရောက်သွားသည်။ တချိန်ထဲမှာပဲ ဘားထဲရှိသူများသည် ဟာသလုပ်ရင်းကျေနပ်နေကြသည်။

"ညီငယ်လေး မင်းက အရမ်းနူးညံ့နေတုန်းပဲ၊ တယောက်ယောက်ကသာ ငါ့ကိုခိုးကြည့်ရဲရင် အဲ့ကောင်ကိုအရှေ့တစ္ဆေနယ်မြေထဲ ပစ်ထည့်လိုက်ပြီးပြီ။ အဲ့မှာသရဲအလှလေးတွေအများကြီးလေ သူလည်း သူ့ရဲ့ကောင်းမွန်တဲ့အနာဂါတ်ကို ကျေနပ်မှာပါ။ "

ထင်း‌‌ခြောက်လိုပိန်နေသောဧည်သည်
က ထရယ်လေသည်။ သူသည် အသင့်စားခေါက်ဆွဲတွေပြည့်နေသောပုံးတလုံးနှင့် စားပွဲတခုလုံးကို ပိုင်စိုးထားသည်။ နွေဦးပွဲတော်မှာ ဆက်ခံသူများက သေသူ များ ကိုကန် တော့၍ လှူဒါန်းသောပုံစံ မျိုး ခေါက်ဆွဲပုံးထဲ တူ၂ချောင်း ရှိနေတာကိုက လုံလောက်အောင်ထူးဆန်းနေ‌ပြီး ဖြစ်သည်။သူ့ဘေးတွင် နေရာလွတ်ကြီးရှိနေပေမယ့် သူ့ကိုကြောက်၍ထင် သည် ဘယ်သူမှ ထိုနေရာတွင်မထိုင်ရဲပေ။

ဝူရုန်သည် မျက်ခုံးများ ကို မသိမသာ တွန့်လိုက်သည်။

သူသည် ထိုသူ၏မျက်နှာချင်းဆိုင်တွင် အပ်မျက်လုံးသာသာလည်ချောင်းနှင့် ကိုယ်၀န်ဆောင်မိန်းမတယောက်လို ရောင်ရမ်းနေတဲ့၀မ်းဗိုက်ရှိတဲ့ အနက်ရောင် တစ္ဆေတကောင်ကို မြင်နေရသလိုပဲ။ ထိုမြင်နေရတဲ့အရိပ်က ခေါက်ဆွဲပေါ်မှာ သွားရည် ကျ နေလေသည်။ မြေပြင်ပေါ်တွင်ဆံပင်နဲ့ ခေါက်ဆွဲများ ရောထွေးနေပြီး ပါးစပ်ထဲသို့ အတင်းထိုးသွင်းနေတဲ့အတွက် မြို့ချရခက်နေပုံရသည်။

ဒါကဘာကြီးလဲ
"ပေးချေရမယ့်အကြွေး"

ရေခဲကျောက်စိုင်လို ရှင်းလင်းသောအသံက ဝူရုန်အာရုံကိုဆွဲဆောင်သွားသည်။ အဲ့တာက ဆွဲဆောင်မူရှိပြီး နားထောင်ကောင်းတယ်။ ထိုအသံကိုကြားတဲ့အခါ ဧည်သည်၏ မျက်နှာချင်းဆိုင်မှ သရဲသည် ‌ကြောက်လန့်မူကြောင့်ကွယ်ပျောက်သွားသည်။ ဝူရုန်က နောက်လှည့်ကြည့်သောအခါ တာအိုဘုန်းကြီးက ကြည်လင်သောမျက်လုံးများနှင့် သူ့ကို ကြည့်နေလေသည်။ ‌ဆောင်းရာသီထဲမှနွေးထွေးတဲ့အကြည့်မျိုး ဆိုတာ သူတချက်ကြည့်ရုံနဲ့မြင်နိုင်ပါသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now