Ch63- Tweet tweet

230 39 1
                                    

|| Unicode ||

    လျှို့ဝှက်ဆန်းကြယ်သောသူမှာ ဆရာသခင်လင်းယွင်ပင်!

    သူ သျှန့်စန်း၏နောက်သို့လမ်းတလျှောက်လိုက်လာခဲ့ပြီး နဂိုက အရေး‌ကြီး သောအခိုက်တန့်ဖြစ်‌‌ သော လျှို့ဝှက်ကြာပန်းအသင်းတော်မှ သတ်ဖြတ်သည့်အခါတွင် ဝူရုန်နှင့် သူလူများရှေ့တွင်ရပ်တည်လျက် တစ်ဦး‌တည်းသောကယ်တင်ရှင်နေရာကိုရယူရန်ဖြစ်သည် သူ၏ကြွက်သားများကိုဖြေလျော့ရင်း ဝူရုန်ရှေ့တွင် သူ၏အကောင်းဆုံးသော ခင်မင်ရင်းနှီးမှုချစ်ကြည်မှုကိုပြသရန်ဖြစ်သည်။

    ဒါပေမယ့်လည်း ဘယ်သူကထင်မလဲကိစ္စတွေကဒီလိုဖြစ်လာလိမ့်မယ်လို့။

   ပထမဆုံး ဝူရုန်ဘေးမှ အနီရောင်ဝတ်ရုံနှင့်တစ္ဆေ၏ ခွန်အားမှာ တစ္ဆေဘုရင်တစ်ကောင်၏ခွန်းအားထက်မနည်း သူဖန်တီးထားသောယင်ချီဝဲဂယက်ကြောင်ဆရာသခင်လင်းယွင်၏မျက်နှာပင် ရွဲ့စောင်းလုနီးပါးဖြစ်သည်! သူဦးနှောက်အားခြစ်ကုတ်က။ ထိုရက်စက်ကြမ်းကြုတ်သည့်တစ္ဆေမှာ သူ့အရင်ဘဝ၌မည်သည့်နေရာတွင်ရှိခဲ့သည်ကို စဉ်းစား၍မရ ရန်သူလား မိတ်ဆွေလားပင်မသိ။ ဆရာသခင်လင်းယွင်၏အသိအရဆိုလျှင် သူ့အရင်ဘဝတစ္ဆေဘုရင်ဝူရုန်ဆီသို့ပူးပေါင်းချင်သူတစ္ဆေဘုရင်အားလုံးမှာ နိုင်ငံရပ်ခြားနယ်မြေများကိုသိမ်းယူရန်စေလွှတ်ခံခဲ့ရတာဖြစ်သည်။

    အကယ်၍သူကအခုပြေးဝင်လာတယ်ဆိုတော့ ဤတစ္ဆေကြီးမှာဝူရုန်၏ ငယ်သားဖြစ်ပုံရသည် ရှက်စရာမကောင်းလောက်ပါဘူးနော်?

    ဆရာသခင်လင်းယွင်ခဏမျှတုန့်ဆိုင်းနေပြီးနောင် လျှို့ဝှက်ကြာပန်းအသင်းတော်အဖွဲ့ဝင်အားလုံးသေကုန်သည်ကိုတွေ့လိုက်ရသည်! တချိန်တည်းမှာပင် အနက်ရောင်လေထုမှာလည်းပျောက်ကွယ်သွားကာ ဆရာသခင်လင်းယွင်မျှော်လင့်ထားသလိုပင် တစ္ဆေကြီးနှင့်ဝူရုန်မှာ ရန်သူမဟုတ်ပဲ မိတ်ဆွေများဖြစ်နေသည်။ သို့သော် ဆရာသခင်လင်းယွင်ပျော်မနေ။ ဆန်ကျင့်ဘက်အနေဖြင့် သူသည် ဝူရုန်ပတ်လည်မှလူများကိုအဝေးကလှမ်းကြည့်လိုက်ပြီး သူလျှာများပင်ခါးသက်သွားတော့သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now