Ch.85- Kacha kacha

211 26 1
                                    

||Unicode||

    "ဟမ့် ကလိမ်ကကျစ်နည်းလမ်းတွေသုံးလိုက်တာကို မင်းကိုမင်း ဓမ္မဆရာသခင်လို့ ခေါ်ဖို့ မျက်နှာရှိသေးတယ်ပေါ့လေ"

  လျှို့ဝှက် ဆန်းကြယ်ကာ ရှုံချသည့်အသံတစ်ခုဘေးခန်းဆီမှ တံခါးဆီသို့ရောက်ရှိလာသည်။ အခန်း၏တံခါးမှာမဖွင့်သေးသော်လည်း အနက်ရောင်မြူခိုးများက တံခါးအဟကြားမှနေ၍ စိမ့်ထွက်လာသည်။ မြူခိုးများကြားတွင်‌ဆံချည်မျှင်နှင့်သွေးလွှတ်ကြောများနှင့်တူ‌သော အနက်ရောင်အမျှင်များ လွန့်လူးမျှောလွင့်နေသည်။ အနက်ရောင်မြူ၏အနံ့မှာ ငါးပုတ်နံ့နှင့်တူပြီး ဖော်မပြနိုင်သော ဆွေးမြေ့ပုတ်သိုးသောအနံ့နှင့်ရောနှောနေလေရာ အန်ချင်စရာကောင်းနေသည်။

   " သူကမြူခိုးဓားသွားပဲ "

    ပိုင်ကုသည် ဝူရုန်အား သွေးစာချုပ်မှတဆင့် ‌လေးနက်သောလေသံဖြင့် တီတိုးဆိုသည်။ " နိုင်ငံတွင်းစာရင်းထဲမှာ အဆင့် ၆၉ရှိတဲ့ဆရာသခင်တစ်ယောက်ပဲ"

   " သူရဲ့တစ္ဆေမြူတွေကိုကြည့်ရ‌သလောက် ကျွန်တော့စိတ်ပူတာက သူ *သူ့တစ္ဆေရဲ့ပြန်လည်ရယူမှုကိုခံနေရမှာစိုးတယ်"(* ကိုယ်ထဲမွေးထားသောတစ္ဆေအားထိန်းမချုပ်နိုင်တော့ပဲ တစ္ဆေမှ ကိုယ်ခန္ဓာကိုအပိုင်စီးသွားခြင်း)

    ကျိုးရှင်းဟုန်ဖိတ်ကြားထားသူများထဲတွင် ဓားသွားမြူခိုးသည် အဆင့်ခြောက်နေရာတွင်ရှိ၍ ဟွိုက်ရှင်းထက်မြင့်ပြီး ဖုချင်းအောက်နိမ့်သည်။ ကျိုးရှင်းဟုန်သည် ဤတစ်ကြိမ်ဖိတ်ကြားထားသူများ၏ အင်အားပေါ်သိပ်အလေးမထား။ သူသည် မြူခိုးဓားသွားအပေါ် ကောင်းမွန်စွာဆက်ဆံသော်လည်း တခြားသူများအ‌ပေါ် ဆက်ဆံပြုမူ‌သလောက် အလေးမထားခဲ့ချေ။

    သို့သော် မြူခိုးတစ္ဆေသည် ကျားယန်သို့ တစုံတရာအတွက်ရောက်လာခဲ့ခြင်းဖြစ်သည်။

   ပိုင်ကုပြောသလိုပင် မြူခိုးဓားသွား၏စိတ်အခြေနေသည် တက်လိုက်ကျလိုက်ဖြစ်နေသည်မှာ သူနောက်ဆုံးအကြိမ် Bအဆင့် တာဝန်တစ်ခုကိုလုပ်ဆောင်ရင်း တစ္ဆေပိုင်နက်အားရှင်းလင်းခဲ့စဉ်ကတည်းကဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာအခြေနေမှာအားနည်းလွန်းသောကြောင့် သူ၏ကိုယ်ခန္ဓာထဲရှိ တ‌ စ္ဆေမြူများအား စိတ်ဝိဉာဉ် နှင့် တစ္ဆေ ကိရိယာများဖြင့် ခက်ခဲစွာဖိနိုပ်ထားရသည်။ တန်ပြန်ခြင်းနှင့် တစ္ဆေပြန်လည်ဖြစ်တည်လာခြင်းတို့မှာ တစ္ဆေပျိုးထောင်သူအများစုအတွက် အနားယူရမည့် လမ်းစဉ်များဖြစ်သည် သို့သော် တချို့သူများသည် အရှိတိုင်းလက်ခံလိုက်သော်လည်း တချို့သူများကတော့လက်မခံနိုင်ပေ။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now