Ch.48-Tweet, Tweet

267 54 1
                                    

|| Unicode||

အရင်ကသူတစ္ဆေကြီး၏ဆံပင်နှင့်လပ်ကောက်ဝတ်ကိုဆွဲယူဖူးခဲ့သော်လည်း ထိုတစ္ဆေသူ့ကိုပေးသည့်ခံစားချက်မှာအမြဲလိုလိုထင်ယောင်ထင်မှားဖြစ်စေသည်။ သူတကယ်ကိုပင် သူ့ခါးမှနေ၍ ဤသို့နှယ်ဖက်ခံရလိမ့်မည်ဟုမမျှော်လင့်ထား ဤပုံစံမှာလွန်စွာရင်းနှီးလွန်းကာလုံခြုံသည့်ခံစားချက်မျိုးကင်းမဲ့နေသည်။ ကံကောင်းစွာဖြင့် တစ္ဆေကြီးမှာသူ့ကိုလျင်မြန်စွာဖြင့် ပွဲကြည့်စင်ပေါ်ချပေးလိုက်ကာ ၎င်းတွင် ဖြူဖျော့ဖျော့ကျောက်တုံးခွေးခြေလေးနှင့် အစက်‌အပြောက်များတက်နေသောဆွေးနေသည့်ပွဲကြည့်စင်တိုင်များရှိသည်။

"ငါတို့တက်မရတော့ဘူးလား?"

ဝူရုန် တစ္ဆေကြီး၏ရည်ရွယ်ချက်ကိုမသဲမကွဲနားလည်လိုက်သည်။ အခုတင်သူတောင်ပေါ်တက်ချင်နေသောအခါ တစ္ဆေကြိးလူပ်ရှားသွားလာပြီး ပွဲကြည့်စင်ထွက်ပေါက်အာူပိတ်ဆို့ထားကာ သူခေါင်းကိုအနည်းငယ်နိမ့်ချထားသည်။ ရုတ်တရုက်သူနောက်ဆုတ်လိုက်ပြီး ညွှန်ပြလာသည်။

ကျောက်လှေကားပေါ်တွင်သွေးနီရောင်အတွင်းလိုင်းများရှိနေကာ တစ္ဆေကြီးလက်မြှောက်၍ ညွှန်ပြလိုက်‌သောအခါ ပြင်းထန်သောလေတသုတ်က ဝူရုန်ကိုယ်အားတိုက်ခက်၍ တပတ်ပတ်ပြီးနောက်ပျောက်ကွယ်သွားသည်။ ဝူရုန်ထလာပြီး ပွဲကြည့်စင်အစွန်းသို့လှမ်းလာသောအခါ သွေးနီရောင်လိုင်းများက ပွဲကြည့်စင်အားဝိုင်းပတ်နေသည်ကိုတွေ့ရသည်။

"ငါ့ကိုဒီမှာနေခိုင်းတာလား"

ဝူရုန်ထိုသို့ခန့်မှန်းမိရသည့်အကြောင်းရင်းမှာ တစ္ဆေကြီး၏အပြုမူသည် အနောက်အရပ်သို့ခရီးသွားခြင်းထဲမှ " ဆရာ ကျွန်တော်စက်ဝိုင်းတစ်ခုဆွဲပေးခဲ့မယ် ဒီထဲကမထွက်နဲ့" ဟူသောပုံစံနှင့်အလွန်ဆင်တူနေသောကြောင့်ဖြစ်သည်။ တစ္ဆေကြီးမှာတုန့်ပြန်မှုမရှိသေး ခဏမျှရပ်နေပြီးနောက် ဝူရုန်လျှောက်မပြေးတော့သည်ကို အတည်ပြုပြီးနောက် သူလှည့်ထွက်သွားသည်။

သူဆက်လက်၍တောင်ပေါ်တက်သွားခဲ့သည်။

ဝူရုန်သည် တစ္ဆေကြီးဆွဲပေးခဲ့သော ပွဲကြည့်စင်အဝရှိအနီရောင်လိုင်းများနောက်မှလမ်းလျှောက်နေ၍ တစ္ဆေကြီး၏သွေးနီရောင်ကျောပြင်မှာ ချိန်းသံနှင့်အတူ ဝေးသထက်ဝေးသွားသည်ကိုကြည့်နေခဲ့သည်။ တောင်ပေါ်တွင် တစ္ဆေကြီးစိတ်ဝင်စားနေသည့်အရာတစ်ခုခုရှိနေလိမ့်မည်ဖြစ်ကာ ထိုအရာကဘာဖြစ်နိုင်မလဲ? မိတ်ဆွေဟောင်း၊ရန်သူ ဒါမှမဟုတ် တချိန်တခါကတစ္ဆေကြီးမှာရှိတဲ့သည့်တစုံတရာများလား? ဝူရုန်သည် လျှို့ဟူလျှို့ပေါင်ညီကိုဆီမှရလာသောဒူရိုးခေါင်းလောင်းကိုတွေးမိသည်။ ထိုအရာသည် တစ္ဆေကြီး၏တုန့်ပြန်မှုများကိုလှုံဆော်ပေးနေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now