Ch.50-Drop drop,drop drop

271 47 2
                                    

|| Unicode ||

     ဖုချင်းနှင့်အတူထွက်သွားသောအခါတွင် ဝူရုန် သတိမေ့နေသော ဟွေ့ရှင်းအားသယ်သွားရန်မမေ့ခဲ့ပေ။ ခွေးတစ္ဆေကြီးမှာ တစ္ဆေကြီးမပျောက်သွားမီကပင်ပျောက်ကွယ်သွားခဲ့ပြီး ဖုချင်းမလာခင် ဉာဏ်ကောင်းစွာဝူရုန်အရိပ်ထဲခိုးဝင်ခဲ့သည်။ဖုချင်းတစ်ယောက်တည်းလာခဲ့သည်မဟုတ် ဖုချင်းနောက်မှဝန်ထမ်းသည် အသက်ရူနေ‌ဆဲဖြစ်သောဟွေ့ရှင်းကို သန့်ရှင်းပေးနေကာ သွေးအနှစ်များက တောင်ကုန်းနှင့်လွင်ပြင်တစ်ခုလုံး‌‌ ပေါ်ပြုတ်ကျလာသည်။

       ဝူရုန်နှင့်ဖုချင်းတို့အတူတကွ ကမ္ဘာအစစ်သို့ပြန်ရောက်လာသည် အမှန်ပင် သူတို့ သာ် တိုက်ရိုက်ပင် နံပါတ်444 ထင်းကန်လုံခြုံရေးဗျူရို၌ပေါ်လာခဲ့ပြီး ထင်းကန်444ထဲထပ်မရောက်တော့ပေ။

    "ထင်းကန်ကပြိုကျသွားပြီ"

    အစစ်မှန်ကမ္ဘာသို့ရောက်သောအခါနှစ်ယောက်လုံးမူလပုံစံပြန်ဖြစ်သွားကြသည်။ ဖုချင်းသည် ဝူရုန်မျက်နှာပေါ်မှ သွေးများကို သုတ်ပေးလိုက်ပြီး သွေးစွန်း‌နေသည်နှက့်ဆန့်ကျင်စွာဖြူဖျော့နေသောသူ့အသားရေကိုကြည့်၍ မျက်မှောင်ကြုတ်သွားသည်။သူ့ခါးပတ်၌ချိတ်ထားသည့်နဂါးသွဲ့ကျောက်ဘူးသီးခြောက်ဗူးလေးအား သူဆီကမ်းပေးလာကာ " နည်း‌နည်းလောက်သောက်လိုက်"

    ဖုချင်း၏အပြုမူများမှာ အရမ်းကိုသဘာဝဆန်နေသောကြောင့် ဝူရုန်စဉ်စားမနေတော့ပဲယူကာသောက်လိုက်သည်။ သူပါးစပ်ထဲဝင်လာသောအခါမှာ အလွန်တရာသိပ်သည်းနူးညံကာချိုမြိန်သောအရည်ဖြစ်၍ ၎င်း၏အပိစ်အကျဲမှာလည်း ပျားရည်နှင့်ရေစပ်ထားသည့်နှင့်တူကာ သစ်သီးဝိုင်အရသာနှင့်အနည်းငယ...

Deze afbeelding leeft onze inhoudsrichtlijnen niet na. Verwijder de afbeelding of upload een andere om verder te gaan met publiceren.

    ဖုချင်း၏အပြုမူများမှာ အရမ်းကိုသဘာဝဆန်နေသောကြောင့် ဝူရုန်စဉ်စားမနေတော့ပဲယူကာသောက်လိုက်သည်။ သူပါးစပ်ထဲဝင်လာသောအခါမှာ အလွန်တရာသိပ်သည်းနူးညံကာချိုမြိန်သောအရည်ဖြစ်၍ ၎င်း၏အပိစ်အကျဲမှာလည်း ပျားရည်နှင့်ရေစပ်ထားသည့်နှင့်တူကာ သစ်သီးဝိုင်အရသာနှင့်အနည်းငယ်တူသော်လည်း အရသာပိုကောင်းသည်။ တစ်ငုံသောက်ပြီးသည်နှင့်ဝူရုန်မျက်နှာအရောင်လက်လာကာ နွေးထွေးသောစီးကြောင်းလေးတစ်ခုသူ့လည်ချောင်းထဲလောင်းချလိုက်သလို သူ့ခန္ဓာကိုယ်တစ်ခုလုံးနွေးထွေးသွားသည်။ အရသာမှာကောင်းလွန်းသောကြောင့် ဖုချင်းဆီနဂါးသွဲ့ကျောက်ဗူးလေးပြန်ပေးသည့်အခါ ဝူရုန်နူတ်ခမ်းထောင့်လေးမသိလိုက်ဘာသာ တွန့်ကွေးသွားသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Waar verhalen tot leven komen. Ontdek het nu