Ch.58-Mi mi mi

265 40 0
                                    

|| Unicode||

     မဟုတ်ဘူး ငါကဘာအတွက်ကြောက်လန့်နေရမှာလဲ?

     ဆရာသခင်လင်းယွင်သူကိုယ်သူကြိုးစားနှစ်သိမ့်လိုက်ရင်း ယုံကြည်ချက်ကိုပြန်မြှင့်လိုက်သည်။ ဟေး သူလုန်ဟူတောင်ကဆင်းလာတည်းက လူတိုင်းက သူ့ဒီကိုလာတာ ဖုချင်းကို စစ်ဆေးမည်ဟုထင်ထားကြတာ။ ဟုတ်ပါသည် ဆရာသခင်လင်းယွင်၏အသည်းမှာ ဖုချင်းသည်လည်း ကျားယန်ကိုလာသည်ဟုကြားလိုက်ရသည့်အခိုက် ‌ကွဲကြေသွားခဲ့သည်။ ကျိန်းသေးပေါက်ကိုပင် အနာဂါတ်မှာ အသိဉာဏ်မဲ့စွာပြုမူတက်သူတွေရဲ့လူပ်ရှားမှုများကနေ့စဉ်ဆိုသလို သူ့၏သဘောထားအားလာစမ်းသပ်နေလေသည်။ သိထားကြသည့် ဖုချင်းသည် လုန်ဟူတောင်တန်းဖုမိသားစုမှသားဖြစ်သည်ဟူသောကောလဟာလမှာ အလွန်လူသိများသောအရာဖြစ်သည်။ ဒါပေမယ့် ဘာလို့ဖုမိသားစုရဲ့သားက နှစ်အတော်ကြာလှည့်လည်သွားလာခဲ့ရတာလဲ? ပြီးတော့ဘာလို့အခုမှသူ့ကိုရှာတွေ့ရတာလဲ? ထိုနေရာတွင်လျှို့ဝှက်ချက်များစွာရှိနေသည်။ ထိုအပြင်းဤတကြိမ် လုန်ဟူတောင်၏ ဖုမိသားစုကဲ့သို့ကျော်ကြားသော ယွင်မိသားစုမှ အမြင့်ဆုံးအဆင့်တွင်ရှိနေသော ဆရာသခင်လင်းယွင်သည်လည်း တောင်အောက်‌ဆင်းလာခဲ့ကာ နှစ်ဦးသား ကျားယန်တွင် ဆုံမိကြသည်။ ဒါကဘာကိုဆိုလိုတာလဲ?

    ဆရာသခင်လင်းယွင်အတွက်ဆိုလျှင် ဒါသည်ကြီးမားသောပြဿနာကြီးဖြစ်သည်။

    အကြောင်းတရားများကြောင့် ဖုချင်းသည် မီးအိမ်တစ္ဆေဘုရင် နယ်စပ်ကိုဖြတ်ကျော်သည့်မတိုင်မီထိ ယန်ကျားဖင်းတွင် ရှိနေရမည်ဖြစ်သည် သူလျှောက် ပြေးနေမယ်လို့ ဘယ်သူသိမလဲ ! နံပါတ်444ထင်းကန်‌နဲ့ပတ်သတ်ပြီး ရှင်းပြနိုင်သည့်အရာမရှိ၊ ကျားယန်မှာ ကျောက်လောင်းပြပွဲဘာလို့ကျင်းပရသလဲ သူကအပျော် လာရှာတာလား?!

    ဖုတောင်ကျန့်ချင်းကိုလွှမ်းမိုးလှုံဆော်ပေးနေသည့်သူ့ကိုသာ သူ့ကိုသိလျှင်  သူခေါင်းမှာ ထိုသူတို့အကြောင်းတွေး ရုံနှင့် ရူးသွပ်လုနီးပါဖြစ်နေသည်။ သူစိတ်ထဲမှနေ၍ဆရာသခင်လင်းယွင် ထိုသူအား ဆွေစဉ်ဆယ်ရှစ်ဆက်ဆဲဆိုနေသည် ( ဆဲဆိုသည့်စကားလုံးများကိုသူအရင်ဘဝက အ ခေါင်းထမ်းတစ္ဆေအိုကြီးဆီမှသူသင်ကြားခဲ့ခြင်းဖြစ်သည် ) ပြီးတော့ သူသည် ထင်းကန်းနံပါတ်၄၄၄မှ အထက်တန်းကျောင်းသူကို အနည်းငယ် သံသယဝင်နေသည်။ အိုး ငါအရမ်းစိတ်တိုလိုက်တာ ခုထိကိုအာ့လိပ်မြေးနဲ့ပတ်သတ်တဲ့အချက်လက်တွေကို တွက်ချက်လို့မရသေးဘူး ။  ဆရာသခင်လင်းယွင်မှာ လူဘယ်လောက်များများ ပြန်လည်မွေးဖွားလာခဲ့သည်ကိုမသိသောကြောင့် သူတို့ကိုမရှာဖွေနိုင်။ ဘာလို့ဟွမ်မောင်ငါ့ကိုမခေါ်တာလဲ? ဒါဆိုရင်ဒီနိမ့်ကျတဲ့ တာအိုဘုန်းကြီးက ဒီထွက်ခွာနိုင်မယ့် အခွင့်ရေးကိုယူပြီး သူ့ကိုသွားကြိုလို့ရသေးတယ်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Onde histórias criam vida. Descubra agora