Ch.44-Kill !Kill!Kill

282 58 5
                                    

|| Unicode||

    အကယ်၍သူသာပြန်လည်မွေးဖွားမလာခဲ့လျှင် ၎င်းမှာ သူဤဘဝ၌ကြုံတွေ့ရမည့်အတွေ့ကြုံဖြစ်သည်။

    သူ၏နားထင်ကြောများနာကျင်မှုကြောက်ါတဒုတ်ဒုတ်မြည်နေသည်။ မှတ်ဉာဏ်အပိုင်းအစများကို သူ့ဦးနှောက်ထဲအတင်းသွပ်သွင်းနေလေသည်။ ရုပ်ပုံများသည်လျင်မြန်စွာပြောင်းလဲနေသည်။ အများစုမှာသူသေချာမမြင်ရခင် ကျော်သွားသည်။ ပထမဆုံးဘား၌ဖုချင်းနှင့်သူတွေ့ဆုံသည့်မြင်ကွင်းမှ မှတ်ဉာဏ်အပိုင်းစထဲရှိ မြင်ကွင်းများသည် လက်ရှိသူ့အတွေ့နှင့်လုံးဝကွဲပြားနေသည်မှာ ခွဲထွက်သွားသောလမ်းနှစ်သွယ်ကဲ့သို့ပင်။

    မှတ်ဉာဏ်ရစ်ဘီးထဲမှ 'ဝူရုန်'သည် ကလေးတစ္ဆေနှင့်မဆုံရသလို ကျိုးရွမ်နှင့်လည်းမတွေ့ခဲ့ မြောင်ဒေသသို့မပြန်သလို ကျုံးကူ၊ချင်းလင်မြွေနှင့် အနက်ရောင်ကျောက်ပင့်ကူကိုလည်းမရရှိခဲ့ပေ။

    သူ့အမေသည် မွေးရပ်မြို့သို့ပြန်သည့်လမ်းတွင်ကားမတော်တဆဖြစ်ခဲ့သည်။ သူသည်အလောင်းကိုသွားယူ၍ခွဲခြားပြီးနောက်မီးရှို့ကာ မြေမြုပ်ခဲ့သည်။ဝူရုန်သူမ၏အရိုးပြာခွက်ကိုယူ၍မြောင်ဒေသသို့ပြန်သောအခါသူ၏အဖွားကိုမတွေ့ခဲ့ရ။ သူသည် ဘဝကံကြမ္မာအပြောင်းလဲကြောင်ဖြေမဆည်နိုင်‌ဖြစ်နေသောလူအိုကြီးအား အရိုးပြာပေးလိုက်ပြီးနောက် သူ့ကိုညတွင်ချင်းပင်တောင်အောက်ပြန်ပို့ပေးသည်။ ဝူရုန်သည် စီရင်စုရွာလေး‌တွင်ဖြစ်ပျက်နေသည်များကိုမသိ သို့သော် အဖွားဝူမှာအသက်ကြီး၍နေမကောင်းဖြစ်နေသည်ကြားခဲ့ပြီး သိပ်မကြာခင်တွင်ဆုံးပါးသွားသည်။

    သူ၏ဆွေမျိုးအားလုံးသေဆုံးသွားပြီဖြစ်ရာကမ္ဘာပေါ်တွင် ဝူရုန်တစ်ယောက်သာအထီးကျန်ဆန်စွာကျန်ရစ်လေသည်။ဝူရုန်သည်ထိုမှတ်ဉာဏ်ထဲတွင် ဟွမ်းမောင်နှင့်သူ့ညီငယ်များကိုလည်းတွေ့ခဲ့သည် သို့သော် သူတို့၏အသုဘခန်းမတွင်ဖြစ်သည်။ ပြောကြသည်ကသူတို့သည် အဝေးပြေးနံပါတ်9သို့သွား၍တိုက်ရိုက်လွှင့်ရန်သွားခဲ့ပြီး အနီးနားရှိစက်ရုံတစ်ရုံမှပေါက်ကွဲမှုမျက်မြင်သက်သေများဖြစ်လာသည်။ သူတို့သည်ဂန်းစတာူများဖြစ်သော်လည်း သူတို့၏နှလုံးသားသည်တော့ဆိုးဝါးမနေခဲ့။ သူတို့သည် မီးနှင့်တိုက်ခိုက်ရာတွင်ကူညီရန်သွားခဲ့သော်လည်း တယောက်မှရှင်လျက်ပြန်မလာခဲ့။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now