Love and peace (Ep-21)

1.1K 94 6
                                    

Unicode

Mew:ကလေး ဒီနေ့ကျောင်းမသွားတော့နဲ့ကိုယ်jamesကို ခွင့်လှမ်းတိုင်ပေးမယ်

Gulf:ဟုတ် ဦး

ကျွန်တော်ကိုတော့ ပြုံးပြနေပေမဲ့ ကလေးအခုချိန်ထိ ကြောက်နေသေးတာကျွန်တော်သိတာပေါ့ ညကလဲ ကျွန်တော့်ကိုလွတ်ထွက်သွားမှာကြောက်လို့အတင်းကို ဖက်တွယ်ထားခဲ့တာ အခုမနက်စာလဲသိပ်မစားဘဲ အပေါ်ထပ်ကိုတက်သွားပြန်ပြီ

Mew: hello James

James:အင်းပြော mew ဘာကိစ္စလဲ

Mew:gulfကိစ္စပါ နေမကောင်းလို့ကွာ ခွင့်တိုင်ချင်လို့

James:အေးပါ ရတယ် အဆင်ပြေရဲ့လားgulfလေး သေချာဂရုစိုက်ပေးလိုက်အုံး

Mew:အင်းပါ ကျေးဇူးကွာ ငါကိစ္စရှိသေးလို့ ဒါဘဲကွာ

Jamesဆီကလေးအတွက်ခွင့်တိုင်ပေးပြီးDeanဆီ ဖုန်းဆက်ရသည်

Dean:hello boss

Mew:Deanကိုယ်ဒီနေ့ အလုပ်မလာဖြစ်ဘူး gulfလေး နေမကောင်းလို့ အိမ်မှာတစ်ယောက်ထဲဖြစ်နေမှာစိုးလို့

Dean:ဟုတ်ကဲ့ပါboss ဒီနေ့အရေးကြီးကိစ္စတွေလဲ မရှိတာမို့အဆင်ပြေပါတယ်

Mew:okပါ အော် ကိုယ်ခဏနေရင်locationတစ်ခု ပို့လိုက်မယ်အဲ့ကိုကားအကြိုလွှတ်ပေးနော်

Dean:yes boss

နောက်ထပ်ဖုန်းဆက်ရသူကတော့ ရှေ့နေကြီး အခန်းထဲကနေ ပေးထားတဲ့လိပ်စာကတ်လေးသွားယူပြီး

Mew:Hello

🧑:Hello

Mew:ရှေ့နေကြီး Yawiရဲ့ဖုန်းနံပါတ်မဟုဘူးလား

🧑:ဟုပါတယ်ကျွန်တော်သူ့အတွင်းရေးမှူးပါ ဖုန်းလွှဲပေးပါ့မယ်ဗျ ဘယ်သူလို့ပြောပေးရမလဲခင်ဗျ

Mew:Mewလို့ပြောလိုက်ပါ သူသိပါတယ်

🧑:ဟုတ်ကဲ့ ခဏလောက်ကိုင်ပေးထားပါနော်

Mew:ဟုကဲ့

👨: Hello mewပြောပါ

Mew:ရှေ့နေကြီးအချိန်ရရင်ကျွန်တော်နဲ့လာတွေ့ပေးလို့ ရမလား အရေးကြီးလို့ပါ

👨:အချိန်ရပါတယ် အန်ကယ်ဘယ်ကိုလာခဲ့ရမလဲ

Mew:ကျွန်တော် အိမ်ကိုပါဗျ ကျွန်တော်ကားလွှတ်ပြီး ကြိုခိုင်းလိုက်ပါ့မယ်

Love and PeaceWhere stories live. Discover now