Love and peace (Ep-6)

1.3K 115 13
                                    

Unicode

မနက်အလုပ်သွားခါနီးပြင်ဆင်ပြီး အောက်ဆင်းလာတော့ မီးဖိုချောင်ထဲကနေအသံတွေကြားနေရတယ် ရုတ်တရက်ဆိုတော့ သူခိုးများလားဆိုပြီး လန့်သွားတာ မီးဖိုခန်းထဲ၀င်လာမှ တစ်ကုပ်ကုပ်နဲ့ ဘာတွေလုပ်နေမှန်း မသိတဲ့ချာတိတ်ကိုတွေ့လိုက်ရတယ် အိမ်မှာ
ချာတိတ်တစ်ကောင်ရောက်နေတာကို လူကမေ့သွားတာ

Mew:အဟမ်း

Gulf:ဟာ! ဦး နိုးလာပြီလား

Mew:အင်း မင်းဘာတွေလုပ်နေတာလဲ

Gulf:awwမနက်စာလေ ဦးအတွက်

Mew:ငါအလုပ်သွားရတော့မှာ နောက်ကျနေပြီ မစားတော့ဘူး စားနေကျအကျင့်လဲမရှိဘူး

Gulf:Arr မရပါဘူးနော် မနက်စာကစားကိုစားရမယ် အကျင့်မရှိလဲအကျင့်ဖြစ်အောင်လုပ်ရမယ် ဒါမှ အလုပ်လုပ်တာ လန်းဆန်းနေမှာ ပေါ့

Mew:ရပါတယ် အကျင့်ဖြစ်နေပြီ သွားတော့မယ်

Gulf:ဟေ့ ဟေ့ မရဘူးနော်

လက်ထဲကပန်းကန်တွေစားပွဲပေါ်ချပြီးအိမ်ထဲကထွက်ဖို့ လုပ်နေတဲ့Mewအရှေ့ကနေပိတ်ရပ်ပြီး

Gulf:အချိန်ဘယ်လောက်မှမကုန်ပါဘူး စားသွားပါ လာ

လက်မောင်းအင်္ကျီစကနေဆွဲပြီးထမင်းစားစားပွဲမှာထိုင်စေလိုက်တယ်

Mew:မင်းကတော့လေ ဇွတ်ဘဲ

Gulf:တကယ်ပြောတာ ကျွန်တော်ပြောတာယုံ မနက်စာစားပြီး အလုပ်လုပ်တာနဲ့ မစားဘဲလုပ်တာနဲ့က မတူဘူး

Mew:ကဲပါ ဘာတွေလဲ

Gulf:ဦးရဲ့ ရေခဲသေတ္တာထဲမှာ ဘာမှလဲမရှိဘူး ရေဘူးရယ် ကြက်ဥနဲနဲရယ်နဲ့ ပေါင်မုန့်လေးဘဲရှိတယ် ဘယ်လိုတောင်နေနေတာလဲ

Mew:ငါအိမ်မှာဆို ချက်မှမစားဘဲ ချက်စားဖို့လဲ အားမနေဘူး

Gulf:ဟွင်းး မဖြစ်သေးပါဘူး အခုတော့ ပေါင်မုန့်ကြက်ဥကြော်လေးနဲ့နွားနို့ပူပူလေးဘဲလုပ်ပေးထား တယ်

Mew:အင်းအင်း ရတယ် အလုပ်နောက်ကျတော့မယ်

Gulf:အင်း

Mew:awwဒါနဲ့ မင်းရော မစားဘူးလား

Gulf:ရတယ် ဦး အလုပ်သွားမှဘဲစားတော့မယ်

Love and PeaceWo Geschichten leben. Entdecke jetzt