Love and peace (Ep-26)

1.1K 94 14
                                    

Unicode

အိပ်ယာပေါ်မှာကွေကွေးလေးအိပ်နေတဲ့ အကောင်ပေါက် ဒူးလောက်ဂျင်းဘောင်းဘီလေးနဲ့ ကြည့်ပြီး စချင်လာတာနဲ့ ခြေထောက်ကနေတစ်ဆင့် ဖြည်းဖြည်းချင်းလက်လေး နှစ်ချောင်းနဲ့ပွတ်တိုက်ပြီး လုပ်နေတာတောင် ဘယ်လိုမှ ပုံမပျက်သွားဘူး အိပ်မြဲအတိုင်း

နားနားလေးကပ်ပြီး

Mew:ကလေးရေ..

Gulf:ဟင် ဦးပြန်လာပြီလား ကျွန်တော်အိပ်ချင်နေလို..

Mew:ပြောတော့ မပင်ပန်းပါဘူးဆို ကိုယ်မပြောဘူးလားကလေးကအကျင့်မရှိတာကို
ကိုယ်နောက်ကတကောက်ကောက်လိုက်တာလေ

Gulf:ဟွန်း..ဦးကလဲ မပြောပါနဲ့တော့ ကျွန်တော်အိပ်ချင်တယ်

Mew:အခုလဲအိပ်နေတာမဟုဘူးလား

Gulf:ဟင့်အင်းအိပ်ချင်သေးတယ် ဦးလဲလာအိပ် ဒီမှာ

Mew:ထမင်းမစားဘူးလားကလေး

Gulf:ဗိုက်မဆာဘူး အိပ်ဘဲအိပ်ချင်တယ်

Mew:ကလေး ညကျဗိုက်ဆာနေလိမ့်မယ်နော် တစ်ခုခုထစားပြီးမှပြန်အိပ်ပါလား

Gulf:မစားချင်ပါဘူးဆို ရတယ် အိပ်ဘဲအိပ်ချင်တာ ဦးရောမပင်ပန်းဘူးလား လာအိပ်လေ အတူတူ

Mew:ကိုယ်ရေမချိုးရသေးဘူးလေ ကလေးရဲ့ ချွေးတေနဲ့ညစ်ပတ်နေတာ

Gulf:ဖက်ပြီး အိပ်ချင်လို့ပါ

Mew:အင်း အာ့ဆိုကိုယ်ရေမြန်မြန်သွားချိုးလိုက်မယ်

Gulf:မြန်မြန်ချိုးနော် ပြီးရင်မြန်မြန်လာ ဦးကိုဖက်ပြီးမအိပ်ရလို့အိပ်လို့တောင်မပျော်ဘူး

Mew:အဟား အိပ်မပျော်လို့သာဘဲနော် ကလေး ဟောက်တောင်နေသေးတာကို

Gulf:အာ ဦးကလဲ သွားတော့သွား အမြန်သွားချိုးချေ

ရေအမြန်ချိုးပြီး ကုတင်ပေါ်တက်လာတော့ အကောင်ပေါက်ကမျက်လုံးဖွင့်ကြည့်တယ် ကျွန်တော့်ကိုလဲ မြင်ရော ရယ်ပြပြီး ရယ်ခွင်ထဲ၀င်တိုးလာပြန်တယ်

Mew:ကလေး တကယ်ဗိုက်မဆာဘူးလား

Gulf:အင်း မဆာဘူး မျက်လုံးတောင်မဖွင့်ချင်ဘူး ဦးမျက်နှာလေးသာမြင်ချင်လို့ ကြည့်နေတာ ဒီလိုဖက်ပြီး အိပ်ချင်နေပြီ အိပ်တော့မယ်နော် ဦးလဲအိပ်တော့

Love and PeaceWhere stories live. Discover now