Love and peace (Ep-18🔞)

2.1K 96 6
                                    


Unicode

အိမ်ရောက်တာနဲ့တံခါးဆင်းဖွင့်ပြီးအိမ်ထဲခပ်တည်တည်နဲ့၀င်သွား လိုက်တယ်

Mew:ငါစိတ်ဆိုးနေတာကို မသိတာလား ဒါမှမဟုတ် သိရဲ့သားနဲ့မချော့တာလား ဒီကလေးကတော့ကွာ..

Mewလဲ ဘာမှမပြောဘဲ အိပ်ခန်းထဲကိုသာ ၀င်သွားတော့တယ်

Gulfကတော့ လွယ်အိတ်ချ ရေအမြန်ချိုးပြီး ညစာအတွက် ပြင်ဆင်ချက်ပြုတ်ပြီးတာတောင် အခန်းထဲက ထွက်မလာသေး ဒီအူတိုတတ်တဲ့လူပျိုကြီးကို ချော့ဖို့ အခန်းထဲ၀င်ခဲ့တယ်..

ဒေါက်ဒေါက်ဒေါက်

Gulf:ဦး ၀င်ခဲ့မယ်နော်

Mew:...

အလုပ်စားပွဲပေါ်မှာထိုင်ပြီး laptopသုံးနေတဲ့ ဦး

Gulf:ဦး ညစာရပြီ စားရအောင်လေ ကျွန်တော် ဗိုက်ဆာနေပြီ

Mew:အရင်စားနှင့်လိုက် ကိုယ်မဆာသေးဘူး

Gulf:ဟွန်း ဦးကလဲ အတူတူစားချင်လို့ကို ဦးမစားသေးရင် ကျွန်တော်လဲမစားသေးဘူး ဒီမှာထိုင်ပြီးစောင့်နေမယ်..

ကုတင်ပေါ်မှာထိုင်ပြီးmewကိုစကားပြောနေပေမဲ့ အနောက်ကို လှည့်မကြည့်ဘဲLaptopကိုသာကြည့်နေတယ်

Mew:ဘာလုပ်ဖို့စောင့်မှာလဲ ဗိုက်ဆာရင်စားလေ အစာအိမ်ထိမယ်

Gulf:မစားချင်ပါဘူးဆို

နှစ်ယောက်ကြားစကားသံတိတ်ဆိတ်သွားရသည်..

"ဒီ ဦးကတော့လေ မသိချင်ယောင်ဆောင်နေတယ်ပေါ့.."

အနောက်ကနေ အနားကိုလျှောက်သွားပြီး သိုင်းဖက်ကာ

Gulf:ဦး..ဘာတွေလုပ်နေတာလဲဟင်

Mew:...

Gulf:ပြီးမှဆက်လုပ်လေနော် ထမင်းအရင်စားရအောင် ကျွန်တော်ဦးကြိုက်တာတွေချက်ထားတာ အေးသွားရင် စားမကောင်းဘူး

Mew:အရင်သွားစားနှင့်လို့ပြောတယ်လေ

Gulf:ဦး ကျွန်တော့်ကိုစိတ်ဆိုးနေတာမလား ညနေက ကိစ္စကို ဦးမြင်ပြီးတော့လေ

Mew:...

Gulf:ဘာမှမပြောဘဲနဲ့တော့မနေနဲ့လေဗျာ တစ်ခုခုပြော မှပေါ့ ကျွန်တော်ကတစ်ယောက်ထဲပြောနေရတာ အရူးကြီးကျနေတာဘဲကျွန်တော်တောင်းပန်ပါတယ် နော် နော် စိတ်မဆိုးပါနဲ့

Love and PeaceTempat cerita menjadi hidup. Temukan sekarang